နယ်ရုံးများ၏သတင်းများ

Jan 29,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ လူထုအခြေပြုဗဟိုဌာနတွင် နွေရာသီကာလ၌ ကျောင်းသူ၊ကျောင်းသားလူငယ်များ အချိန်ကို အကျိုးရှိစွာအသုံးပြုနိုင်ရေး ရည်ရွယ်ချက်ဖြင့် နွေရာသီသင်တန်းများကို အခမဲ့ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
Jan 29,2024
မဟာအောင်မြေမြို့နယ်ရုံးစာကြည့်တိုက်သို့ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲများ ဝင်ရောက်ဖြေဆိုနိုင်ရန် ကျောင်းသား/သူများ စာအုပ်စာစောင်များလာရောက်ငှားရမ်းမှုအား မဟာအောင်မြေမြို့နယ်စာကြည့်တိုက်မှူး ဒေါ်သရဖီဖြိုးမှ (အခမဲ့) ငှားရမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Jan 29,2024
စာအုပ် စာပေများဖတ်ရှုလေ့လာပြီး အသင်းအဖွဲ့အစည်းများဖြင့်  ပြန်လည်ဆွေးနွေးတတ်စေရန်ရည်ရွယ်၍  ဝါသနာတူ စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်း (Book Club) မှ ဦးဆောင်၍  စာဖတ်ဝိုင်းအား ယနေ့နံနက်ပိုင်းအချိန်က စုကလိမြို့ ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနCommunity Centre ခန်းမတွင် စာရေးဆရာ နန္ဒာမွှန်း ရေးသားသည့် သတင်းစာထဲက ဆောင်းပါးများ ဆောင်းပါးထဲက သတင်းများ  စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
Jan 29,2024
မန္တလေးတိုင်းဒေသကြီး၊ တကောင်းမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဇန်နဝါရီလ ၁၆ ရက်နေ့၊ နံနက် (၁၁)နာရီက စာရေးဆရာချစ်နိုင် (စိတ်ပညာ) ရေးသားသည့် ရွှေရောင်လွှမ်းတဲ့ အခွင့်အလမ်းများ စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 29,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် လူငယ်များအတွင်း စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာပေဝါသနာပါသူ အချင်းချင်း ရင်းနှီးစေရန်၊ စာပေဖတ်ရှု၍ ဆွေးနွေးတတ်သည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရေးအတွက် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ၊ (Youth Club)အဖွဲ့ဝင်များဖြင့် စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ)ရေးသားထားသော “အမွေခံတစ်ယောက်အမွေပေးသူတစ်ရာ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 29,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အခြေခံ ပညာကျောင်းများ၌ ကျောင်းသား/သူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးနှင့် ကျောင်းစာအပြင် ပြင်ဗဟုသုတတိုးပွားစေရေးအတွက် စဉ်ဆက်မပြတ် စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်တွင် အမှတ်(၂) ရပ်ကွက်ရှိအခြေခံပညာမူလတန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ပေးပြီး စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
Jan 29,2024
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (CommunityCentre) ခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲအချိန်က စာပေချစ်မြတ်နိုးသူများအဖွဲ့(Book Club)နှင့် စာပေဝါသနာရှင်များမှ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 
Jan 29,2024
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ မြို့မစည်ပင်သာယာစျေးကြီး အတွင်းအပြင် ရောင်းချလျက်ရှိသည့် စျေးသည်/စျေးဝယ်သူများ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု လျော့နည်း သက်သာစေရေး ပလတ်စတစ် သုံးစွဲမှုလျှော့ချသုံးစွဲ လျော့နည်းသက်သာစေရန် ပြည်သူများ ပလတ်စတစ်အိတ် ကြွပ်ကြွပ်အိတ်အစား ငှက်ပျောဖက် ကြာဖက်အင်ဖက်နှင့်စက္ကူအိတ်များ အသုံးပြုနိုင်ရေးအသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ဆောင်ရွက်လျက်ရှီရာယနေ့ ယနေ့နံနက် (၈) နာရီ ၁၅ အချိန်က ဆောင်ရွက်ခဲ့သည်။