နယ်ရုံးများ၏သတင်းများ

Jan 21,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ပြည်သူများအား ယ​နေ့ နံနက် ၉ နာရီ အချိန်မှ စတင်၍ ဒိုက်ဦးမြို့နယ် ပြည်သူ့အားကစားကွင်း မိုးလုံလေလုံ ခန်းမကြီးအတွင်းနှင့် ဖောင်တော်သီတိုက်နယ် ဆေးရုံတို့၌ ကိုဗစ်-၁၉ ကာကွယ်​ဆေး ဒုတိယအကြိမ် ထိုးနှံရန်ကျန်ရှိနေသောသူများနှင့် ကာကွယ်ဆေး လုံးဝမထိုး ရသေးသူများအား ပထမအကြိမ် ကာကွယ်ဆေးများ ထိုးနှံပေးခဲ့သည်။
Jan 21,2022
ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍  မီးဘေးအန္တရာယ်နှင့်ပတ်သက်၍ ပြည်သူများသိရှိနိုင်ရန် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ဇန်နဝါရီ ၂၀ ရက် နေ့လည် ၂ နာရီတွင် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန လူထုအခြေပြုဗဟိုဌာန (CommunityCentre)၌ ပြုလုပ်ခဲ့သည်။
Jan 21,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရသေ့တောင်မြို့နယ်ရုံးအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ အားလပ်ချိန်ကိုပျော်ရွှင်မှုများဖြင့် ဖြတ်ကျော်နိုင်ပြီး ကိုယ်ကာယကျန်းမာကြံ့ခိုင်စေရေး ရည်ရွယ်၍ ယနေ့ မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ မုန့်စားပြိုင်ပွဲအား ကျင်းပပြုလုပ်ခဲ့သည်။
Jan 20,2022
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနနှင့် အမျိုးသမီးအသင်း( Women Club) တို့ပူးပေါင်း၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေး အသိပညာပေး Talk Show အစီအစဉ်ကို ဇန်နဝါရီ ၂၀ ရက်နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jan 20,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာနရှိ ပြည်သူ့စာကြည့်တိုက်ကို ဒီဇင်ဘာ ၂၀ ရက်နေ့မှစ၍ ဖွင့်လှစ်ထားရှိရာ  ဇန်နဝါရီ ၂၀ ရက်နေ့က စာဖတ်ပရိတ်သတ်များအား ကိုဗစ်-၁၉ရောဂါကာကွယ်ရေး နည်းလမ်းများနှင့်အညီ စာအုပ်၊စာစောင်များအခမဲ့ ငှါးရမ်းပေးလျက်ရှိသည်။
Jan 20,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြု ဗဟိုဌာန(CommunityCentre)ခန်းမ၌ ယနေ့နံနက်(၁၀:၀၀)နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်ကမ်းချက်များနှင့် အညီ မျက်နှာသစ်ဆပ်ပြာပြုလုပ်နည်းသင်တန်းကို သင်တန်းသူ (၁၂)ဦးဖြင့် အခမဲ့ ဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်။
Jan 20,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန အနေဖြင့် မြို့နယ်နေ ပြည်သူများ အသိပညာဗဟုသုတ တိုးပွားရရှိစေရေးအတွက် အမြဲ ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင်လည်း မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ရုံးသို့ သွားရောက်၍  စာပေဖတ်ရှုသူ တပ်ဖွဲ့ဝင်များ လက်ဝယ်အရောက် သုတ၊ ရသစာအုပ်များ အခမဲ့ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။