နယ်ရုံးများ၏သတင်းများ

Jan 19,2022
ပြည်ထောင်စုနယ်မြေ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လယ်ဝေးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယမန်နေ့ နံနက် (၁၀)နာရီက Book Club နှင့် စာပေဝါသနာရှင်များ ပူးပေါင်း၍ စာရေးဆရာ ဒေါက်တာမြင့်သန်း (ညောင်လေးပင်) ၏ “မင်္ဂလာပါခင်ဗျာ နှင့် အတွေး ရသစာစုများ” စာအုပ်အား စာဖတ်ဝိုင်းကျင်းပခဲ့သည်။
Jan 19,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့တွင် တစ်နိုင်တစ်ပိုင် ဟင်းသီးဟင်းရွက် စိုက်ပျိုးသည့် တောင်သူများအနေ ဖြင့် မိသားစုအပိုဝင်ရရှိပြီး အဆင်ပြေလျက်ရှိကြောင်း ကော့ကရိတ်မြို့၊ အမှတ် (၄)ရပ်ကွက်နေ တောင်သူဦးမင်းခိုင်ထံမှ သိရသည်။
Jan 19,2022
အနာဂတ် မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားရရှိလာစေရန် ရည်ရွယ်၍ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က အလယ်တန်းအဆင့် စကားပုံဆက်ပြိုင်ပွဲ‌ ‌ဆောင်ရွက်ခဲ့သည်။
Jan 19,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက ယနေ့နံနက် ၉ နာရီက ကျိုက်ဒုံမြို့ အမှတ် (၄) ရပ်ကွက်၌ ဒေသနေ ပြည်သူများအား ပိုးကရင်ဘာသာ၊ စကောကရင်ဘာသာ၊ မြန်မာဘာသာဖြင့် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲအိုမီခရွန်(omicron) ရောဂါပိုးများကို သတိပြုကာ ကြိုတင်ကာကွယ်နိုင်စေရေးအတွက် အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။
Jan 19,2022
ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး(Talk Show) ဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီအချိန်က ကရင်ပြည်နယ်၊ ဘားအံခရို်င၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။
Jan 19,2022
အနာဂတ် မျိုးဆက်သစ်ကျောင်းသား ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားရရှိလာစေရန် ရည်ရွယ်၍ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က အလယ်တန်းအဆင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ‌‌ ဆောင်ရွက်ခဲ့သည်။
Jan 19,2022
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါနှင့် မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက်  အများပြည်သူ သိရှိလိုက်နာရမည့်အချက်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက စဉ်ဆက်မပြတ် အသိပညာပေး နှိုးဆော်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာအတွင်း အသိပညာပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။
Jan 18,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ စာဖတ်ပရိသတ်များ၊ ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ခြင်းဖြင့် ကျန်းမာရေးနှင့် ကိုယ်ခံအားကောင်းမွန်စေရန် ရည်ရွယ်၍ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကိုယ်ကာယလေ့ကျင့်ခန်း Physical Fitness Dance သရုပ်ပြကပြခြင်းကို ယမန်နေ့ နံနက် ၁ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကော့ကရိတ်ခရိုင်ရုံး၊ လူထု အခြေပြုဗဟိုဌာန၌ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးအောင်က ဦးဆောင်သော အလက (ခွဲ) လှိုင်ဝကျောင်းမှ ကျောင်းသူလေးများက ပါဝင် သရုပ်ပြ ကပြခဲ့ကြကြောင်း သိရသည်။