နယ်ရုံးများ၏သတင်းများ

Dec 16,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အကြောင်းများကို ပြည်သူများ သိရှိစေရန် ရည်ရွယ်၍  အသိပညာပေး (Talk Show)ဆွေးနွေးပွဲကို ယနေ့နံနက် (၁၁)နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမ၌ Online မှတစ်ဆင့် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
Dec 16,2021
နေပြည်တော် တပ်ကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  ပြည်သူ့ စာကြည့်တိုက်မှ  စာပေချစ်မြတ်နိုးပြည်သူများ စာပေဗဟုသုတများရရှိစေရန်  Online မှ တစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ်ရိုက်ကူး၍  တပ်ကုန်းမြို့နယ် ပြည်သူ့ စာကြည့်တိုက် Facebook Page တွင် ထုတ်လွှင့်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက အတွဲ(၅၃)၊အမှတ်၂၆ ၊ရွှေသွေးဂျာနယ်တွင် စာရေးဆရာ မေသူစိုး ရေးသားထားသည့် “နက္ခဗေဒ ဆရာ” ပုံပြင်ကို ရိုက်ကူး ထုတ်လွှင့်တင်ဆက်ခဲ့သည်။
Dec 16,2021
ရန်ကုန်တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အရှေ့ပိုင်းခရိုင် (သင်္ဃန်းကျွန်း) ရုံး၊ လူထုအခြေပြု ဗဟိုဌာန (Community Center) ခန်းမတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် (အကြို) ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။ ပြိုင်ပွဲတွင် ပူဖောင်းမှုတ်ပြိုင်ပွဲ၊ ပူဖောင်းဖောက်ပြိုင်ပွဲ၊ ခုံလုပြိုင်ပွဲ၊ သံပုံးရိုက်ပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ ဂုံနီအိတ်စွတ် ပြိုင်ပွဲနှင့် အင်္ကျီကြယ်သီးတပ်ပြိုင်ပွဲ အမျိုးအစား (၇)မျိုး ကျင်းပခဲ့ကြောင်း သိရသည်။
Dec 16,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင်  စာပေချစ်မြတ်နိုးသူများအသင်း၏   “နိုင်ငံတစ်ခု ကြီးပွားခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွှဲ ၂နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
Dec 16,2021
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်တွင် ကျောင်းသား/သူများနှင့်ကလေးငယ်များအတွက် အသိပညာ၊ ဗဟုသုတတိုးပွားလာစေရန် ရည်ရွယ်၍ Oneline မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို ရိုက်ကူး၍ မြို့နယ်ပြည်သူ့စာကြည့်တိုက် Page  တွင် တင်ဆက်ပေးလျက်ရှိသည်။
Dec 15,2021
ကယားပြည်နယ်၊ ​ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင်  ပြန်ကြား​ရေးနှင့် ပြည်သူ့ဆက်ဆံ​ရေးဦးစီး ဌာနနှင့် စာအုပ်စာ​ပေချစ်မြတ်နိုးသူများအသင်း (Book club)တို့ ပူးပေါင်း၍ စာဖတ်ဝိုင်းကို ယနေ့ နံနက်(၁၀)နာရီက  ပြန်ကြား​ရေးနှင့် ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန Community Center ခန်းမ၌ ကျင်းပခဲ့​ကြောင်း သိရသည်။
Dec 14,2021
​ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်အတွင်း၌ ဓါတ်သတ္တုလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် လျှောက်ထားသည့်နေရာများသို့လင်းခေးခရိုင်၊ ခေတ္တခရိုင် အုပ်ချုပ်ရေးမှူး နှင့် တာဝန်ရှိသူများမှ ယမန်နေ့နံနက်(၁၀)နာရီအချိန်က အဆိုပါနေရာများသို့ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
Dec 14,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်းတွင်ကျောင်းသား၊ ကျောင်းသူများအား ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲ များကို ယမန်နေ့ ညနေပိုင်းက ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။