နယ်ရုံးများ၏သတင်းများ

Dec 13,2021
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက၊ မိဘပြည်သူများအား အိုမီခရွန်(Omicron) ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါပိုးများကို သတိပြု အ‌လေးနက်ထား ကြိုတင်ကာကွယ်နိုင်စေရေး အတွက် ယနေ့နံနက်ပိုင်းအချိန်က မြို့ပေါ်ရပ်ကွက်များအတွင်းသို့ သွားရောက်ပြီး အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
Dec 13,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု အန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၈)နာရီက မြို့ပေါ်ရပ်ကွက်များသို့ သွားရောက်၍ မြန်မာဘာသာ၊ စကောကရင်ဘာသာနှစ်မျိုးဖြင့် အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 13,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကျောင်းသား/သူများ စာကြည့်တိုက်နှင့်ရင်းနှီး ကျွမ်းဝင်မှုရှိစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်၊ စာကြည့်တိုက်သို့ လာရောက်ပြီး စာအုပ်စာစောင် ငှားရမ်းတတ်သည့် အလေ့အကျင့်များရရှိစေရန်နှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်၍ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့်စာဖတ်စွမ်းရည်ပြိုင်ပွဲ ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၉) နာရီအချိန်က ကမမောင်းမြို့ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
Dec 13,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများ ဒေသနေ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိလိုက်နာကြစေရန်အတွက် အသိပညာပေးနှိုးဆော်မှု လုပ်ငန်းကို နေ့စဉ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အရှိန်အဟုန်မပြတ် နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။   
Dec 13,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး အခြေခံယာဉ်မောင်းသင်တန်းကျောင်း အစည်းအဝေးခန်းမ၌ အခြေခံယာဉ်မောင်းသင်တန်းဖွင့်ပွဲကို ဒီဇင်ဘာလ ၁၁ရက်နေ့ နံနက် ၉နာရီက ဖွင့်လှစ်ကြောင်း သိရသည်။
Dec 11,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်အတွင်း ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်မှုများကို ကျယ်ကျယ်ပြန့်ပြန့် လိုက်လံဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ည ၇နာရီအချိန်က ကြည်စုရပ်ကွက်အတွင်းရှိ လမ်းဆုံ လမ်းခွနေရာများတွင် အသံချဲ့စက်ဖြင့်  လိုက်လံနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
Dec 11,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်အတွင်း ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်မှုများကို ကျယ်ကျယ်ပြန့်ပြန့် လိုက်လံဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ည ၇နာရီအချိန်က ကြည်စုရပ်ကွက်အတွင်းရှိ လမ်းဆုံ လမ်းခွနေရာများတွင် အသံချဲ့စက်ဖြင့်  လိုက်လံနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
Dec 11,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများ ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိလိုက်နာကြစေရန်အတွက် အသိပညာပေးနှိုးဆော်မှု လုပ်ငန်းကို နေ့စဉ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အရှိန်အဟုန် မပြတ် နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။