နယ်ရုံးများ၏သတင်းများ

Oct 07,2020
ချင်းပြည်နယ် ဖလမ်းခရိုင် တီးတိန်မြို့နယ် ခိုင်ကမ်းမြို့တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့ တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး မဲပေးခွင့် မဆုံးရှုံးစေရေး မဲစာရင်းများ Door to Door တစ်အိမ်တက် တစ်အိမ်ဆင်းစနစ် ဖြင့် မဲစာရင်းတိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
Oct 07,2020
ချင်းပြည်နယ် ဖလမ်းခရိုင်တီးတိန်မြို့နယ် ခိုင်ကမ်းမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခိုင်ကမ်းမြို့ နယ်မြေရဲစခန်းမှ တာဝန်ရှိသူနှင့် ပူးပေါင်း၍ ယနေ့ နံနက် ၁၀ နာရီအချိန်တွင် Community Centre ခန်းမ၌ မူးယစ်ဆေးဝါး နှင့်ပတ်သက်သည့်ပြစ်မှု ဆိုင်ရာသိကောင်းစရာများ On Line Talk Show ကို ပြုလုပ်ကျင်းပခဲ့သည်။
Oct 06,2020
ကိုဗစ်- ၁၉ ရောဂါ ကူးစက်မှုများဖြစ်ပေါ်နေသည့်ကာလအတွင်း ကျိုက်မရောမြို့နယ် ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာကြည့်တိုက်ကို ယာယီပိတ်ထားစဉ်ကာလအတွင်း စာဖတ် ပရိတ်သတ်များနှင့် ကလေးငယ်များ အသိပညာ ဗဟုသုတတိုးပွားစေရန်အတွက် အသိပညာပေးလုပ် ငန်းများကို အွန်လိုင်းပေါ်မှ တစ်ဆင့်ထုတ်လွှင့်ပေးလျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီက ကလေးသူငယ် အခွင့်အရေးနှင့် ကာကွယ်စောင့်ရှောက်ရေး ဥပဒေ အသိပညာ ပေး(Talk Show) ကို လူထုအခြေပြု ဗဟိုဌာန( Comm unity Centre)ခန်းမ၌ပြုလုပ်ခဲ့သည်။
Oct 06,2020
စာရေးဆရာမမြမြဆွေ(စိတ်ပညာ)၏ စိတ်အတောင်ပံဖွင့်မြင့်မြင့်ပျံမယ် စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၀ နာရီ မန္တလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြု ဗဟိုဌာန(Community Centre) ခန်းမတွင် ကျင်းပပြုလုပ်သည်။
Oct 06,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များကို ယနေ့ နံနက်ပိုင်းက ပြသခဲ့သည်။
Oct 06,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် Online Page မှ ဆရာလယ်တွင်းသားစောချစ်၏ ပန်းလိုချင် အပင်ကိုပျိုးတက်မှ စာအုပ်မိတ်ဆက် အစီအစဉ်ကို အောက်တိုဘာ ၅ ရက် နေ့လည် ၁၂ နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ စာပေချစ်သူများအသင်း (Book Club) အဖွဲ့ဝင်များက ဆွေးနွေးခဲ့သည်။
Oct 06,2020
ဧရာဝတီတိုင်းဒေသကြီးလပွတ္တာ မြို့နယ်တွင် ကိုဗစ်(၁၉)ပိုးတွေ့ရှိသော ​မောင်ငယ်ကျေးရွာ အုပ်စု ငမိုးရိပ်ကျေးရွာနေ ဦးပိန်အပါဝင် ၁၀ ဦးသော လူနာတို့သည် ယနေ နံနက်ပိုင်းတွင် ရောဂါသက်သာပျောက်ကင်း၍ (၃)မိုင် ကုတင်(၂၀၀) ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံဆင်းခွင့် ရရှိကြောင်းသိရသည်။