နယ်ရုံးများ၏သတင်းများ

Oct 02,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ကိုဗစ်-၁၉ ‌‌ကာကွယ်ရေးအတွက် နေ့စဥ်ရောင်းချလျက်ရှိသည့် အခွန်လွတ်စျေး၊ ၃ လမ်းစျေး၊ ပြုံးချိုလေးစျေးများတွင် ရောင်းချသည့်စျေးသည်များအတွက် မအူပင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က Stay At Home စျေးရောင်းချခွင့်ကဒ်အား ယမန်‌နေ့နံနက်ပိုင်းတွင် စဆင်ထုတ်ပေးလျက်ရှိသည်။
Oct 02,2020
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ၂ဝ၂ဝ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် လုံခြုံရေးဆောင်ရွက်မည့် အထူးရဲ သင်တန်းကို ယမန်‌နေ့ နံနက် ၈ နာရီက ဗန်းမော်မြို့ မြို့မရဲစခန်းရှိ ရဲသီဟခန်းမ၌ ပြုလုပ်လျက် ရှိကြောင်း သိရသည်။
Oct 01,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင် ပြည်သူများ လုံခြုံစိတ်ချစွာ ဆန္ဒမဲပေးနိုင်ရန်အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ လမ်းညွှန်ချက်နှင့် အညီ မဲရုံအသီးသီး၌ လုံခြုံရေးတာဝန် ထမ်းဆောင်ကြမည့် အထူးရဲ(၁၄၀)ဦး ခန့်အပ်၍ လုံခြုံရေးတာဝန်အပြည့်ထမ်းဆောင်နိုင်စေရန် အောက်တို ဘာ(၁)ရက်နေ့ မှ (၂၈)ရက်နေ့အထိ သင်တန်း ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်
Oct 01,2020
အင်္ဂပူမြို့၊မြို့တော်ခန်းမ၌ အထူးရဲ (Special Police)သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ နံနက် ၈ နာရီက ပြုလုပ်ရာ မြိုနယ်အုပ်ချုပ်‌ရေးမှူး ဦးရဲရင့်လှိုင်၊ မြို့နယ်ရဲ့တပ်ဖွဲ့မှူး ရဲမှူးရဲဝင်း၊ အင်္ဂပူမြို့မရဲစခန်းမှူးဒုရဲမှူး‌ ကျော်စိုးဦးနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ သင်တန်းနည်းပြများ၊ သင်တန်းသားမျာတက်‌ ရောက်ခဲ့‌ကြောင်းသိရသည်။
Oct 01,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်း၊ အောင်ဆန်းခန်းမတွင် ယနေ့ နံနက်(၈)နာရီမှ စတင်၍ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် လုံခြုံရေးဆောင်ရွက်ကြမည့် အထူးရဲတပ်ဖွဲ့ ဝင်များအား ဘိုကလေးမြို့နယ်ရဲတပ်ဖွဲ့မှ အထူးရဲသင်တန်း စတင် ဖွင့်လှစ်ပို့ချသည်။
Sep 30,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (TALK SHOW)ကို ယမန်နေ့နံနက် (၁၀) နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုပြုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။
Sep 29,2020
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရေစကြိုမြို့နယ်ရုံးက မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့၊ မကွေးတိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေး ဆိုင်ရာ လုပ်ငန်း ကော်မတီက ပေးပို့သည့် ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး အလင်းတန်း လက်ကမ်း စာစောင်ကို ယနေ့ နံနက် ၉ နာရီအချိန်က ရေစကြိုမြို့မစျေးအမှတ် ၁ တွင် ဖြန့်ဝေသည်။