Oct 14,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက နိုင်ငံတော်မှ ချမှတ်ထားသော ကိုဗစ်-၁၉ ကာလ စီးပွားရေး ကုစားမှုအစီအစဉ်(CERP)အရ ကျေးလက်ဒေသနေ မိသားစု များ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန် (Cash for work)စီမံကိန်းလုပ်ငန်း များ အကောင်အထည် ဖော်ဆောင်ရွက်နေသည့် ကျေးရွာများသို့ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန ၊မြို့နယ်ဦးစီးမှူးဉီးစိုးကျော်သူနှင့် တာဝန်ရှိသူများက ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။