နယ်ရုံးများ၏သတင်းများ

Oct 24,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်တွင် နိုဝင်ဘာလ(၈)ရက်နေ့၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွှေးကောက်ပွဲကြီး အတွက် မဲရုံမှူး၊ ဒုတိယမဲရုံမှူးအဖြစ် တာဝန်ယူကြမည့် သူများအား အဆင်သင့်ဖြစ်စေရန် ရွှေးကောက်ပွဲဆိုင်ရာသင်တန်းကို အနော်ရထာခန်းမ၌ အောက်တိုဘာ (၂၁)ရက်မှ အောက်တိုဘာ(၂၆)ရက်ထိသင်ကြားပို့ချပေးလျက်ရှိကြောင်းသိရသည်။
Oct 24,2020
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ၂၀၂၀ ပြည့်နှစ်အထွေထွေရွေး ကောက်ပွဲအတွက် မဲဆန္ဒနယ်‌မြေများ အတွင်း ကြိုတင်ဆန္ဒမဲပေးနိုင်‌ရန် မဲလက်မှတ်၊ မဲပုံးနှင့် ဆက်စပ်ပစ္စည်းများ ထုတ်ပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Oct 24,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့၌ ကိုဗစ်-၁၉ ကူးစက်ရောဂါ ပြန့်ပွားမှုမှ ကြိုတင် ကာကွယ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်တားဆီးရေး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ Quarantine Centre ဝင်ရောက်သူ(၆၅)ဦးတို့အား နှာခေါင်း/ အာခေါင်(SWAB) တို့ဖတ်ရယူခြင်းကို ယမန်နေ့ နေ့လည်ပိုင်းက မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၌ ဆောင်ရွက်ခဲ့ရာ၊
Oct 24,2020
ဂန့်ဂေါမြို့နယ်တွင် မဲရုံမှူး၊ ဒုမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ငန်းလမ်းညွှန်များကို ဂန့်ဂေါမြို့နယ်အတွင်း၌ သင်တန်းနေရာ ၃၀ တွင် တန်းခွဲပေါင်း ၄၄ ခုတို့၌ အောက်တိုဘာ ၂၀ ရက်မှ အောက်တိုဘာ ၂၃ ရက်ထိ သင်တန်းဖွင့်လှစ်ကာ ဆောင်ရွက်ရန်လုပ်ငန်းများကို ပို့ချဆွေးနွေးခဲ့​ကြောင်းသိရသည်။
Oct 24,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုရန်အတွက် မဲရုံသုံး ပစ္စည်းများကိုမြို့နယ် အထွေထွေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ရပ်ကွက်/ကျေးရွာအုပ်စုများ ရှိ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများသို့ ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ ထုတ်ပေးခဲ့ကြောင်းသိရသည်။
Oct 24,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ အနောက်ရပ်ကွက်၊ စဝ်ကောလီခန်းမ၌ ယနေ့ နံနက်(၈) နာရီအချိန်တွင် ၂ဝ၂ဝ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံသရုပ်ပြသခြင်းလုပ်ငန်းကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့နယ်၊ ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Oct 23,2020
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီ တိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေတိုက်စားပြီး မြစ်ကမ်းပါး ပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွေ့ခဲ့ရသော နေအိမ်များအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
Oct 23,2020
မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ ကျေးရွာစာကြည့်တိုက်များ အရှိန်အဟုန်မြှင့် ဖွံဖြိုးတိုးတက်စေရေး အတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မြို့နယ်ရှိကျေးရွာ စာကြည့်တိုက်(၂)တိုက်အား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ နံနက် ၁၁ နာရီအချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ကျင်းပဆောင်ရွက်သည်။