နယ်ရုံးများ၏သတင်းများ

Aug 18,2020
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၌ ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ အချိန် က မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Aug 18,2020
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲစာရင်း စိစစ်ရေးလုပ်ငန်းကော်မတီသို့ ရပ်ကွက်/ ကျေးရွာ (၁၄) ခုမှ တင်ပြလာသည့် ပုံစံ(၃)၊ ပုံစံ(၄)၊ ပုံစံ(၄-ဂ) ပုံစံများ စိစစ်သည့်လုပ်ငန်းကို ယနေ့နံနက် (၁၀) နာရီအချိန် က မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ပြုလုပ်ခဲ့သည်။
Aug 18,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ပြည်သူ့စာကြည့်တိုက်တွင် နေ့စဉ် စာငှားစာဖတ် လာရောက်ကြသူများအနေဖြင့် လူကုန်ကူးမှု အန္တရာယ် ဆိုးကျိုးများကို သိရှိစေပြီး ကြိုတင်ကာကွယ်နိုင်ရန်အတွက် ယနေ့နံနက်ပိုင်းမှစ၍ မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ် စာစောင်များကို ပြသထားပေးကြောင်း သိရသည်။
Aug 18,2020
ကျေးလက်နေ ပြည်သူများ အသိပညာဗဟုသုတ တိုးပွားလာစေရန်၊ လူကုန်ကူးမှု အန္တရာယ်နှင့် ပတ်သက်သည့် အသိပညာ ဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့
Aug 18,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြန်​ကြား​ရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Center တွင် ယ​နေ့နံနက် (၉:၃၀)နာရီ အချိန်ကစ၍ အသက် ၆လမှ အသက်(၅)နှစ်ထိ ကလေးများအား VH-A အားဆေးနှင့် သံချဆေးတိုက်ခြင်း လုပ်ငန်းများကို ရပ်ကွက်တာဝန်ခံကျန်းမာရေးမှူး​ဒေါ်ဝါဝါနိုင်နှင့် အဖွဲ့များက ဆောင်ရွက်ခဲ့ကြပါသည်။
Aug 18,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ မြို့နယ်နေပြည်သူများအဆင်ပြေစွာ သုံးစွဲနိုင်စေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်ခန်းမ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးကို ယမန် နေ့ ညနေ(၄)နာရီအချိန်ကမြို့နယ်ခန်းမတွင် ပြုလုပ်ခဲ့သည်။