နယ်ရုံးများ၏သတင်းများ

Mar 20,2020
ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာကြည့်တိုက်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကြိုတင်ကာကွယ်နိုင်ရန်အတွက် ယနေ့ နံနက် ၉ နာရီက စတင်၍ စာကြည့်တိုက်သို့ လာရောက်သူတိုင်း လက်ဆေးနိုင်ရန် လက်ဆေးဆပ်ပြာရည်နှင့် ရေများထားရှိဆောင်ရွက်ပေးလျက်ရှိသည်။
Mar 19,2020
တာချီလိတ်မြို့တွင် ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၅ ရက်နေ့၌ ကျင်းပရန်စီစဉ်ထားသည့် အလုပ်အကိုင်ပြပွဲကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါကြောင့် ရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။
Mar 19,2020
ပခုက္ကူဦးအုံးဖေ စာကြည့်တိုက်သို့ စာပေဒါနအဖြစ် အလှူငွေကျပ်သိန်း (၁၀) သိန်းကို ယနေ့ နံနက် ၁၁ နာရီခွဲအချိန်က ပေးအပ်လှူဒါန်းသည်။
Mar 19,2020
မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့တွင် ယနေ့ နံနက်ပိုင်းတွင် နွေရာသီမီးဘေးအန္တရာယ်ကာကွယ်ရေးမီးသတ်ယာဉ်များ ရေအလွယ်တကူရရှိသယ်ဆောင်နိုင်ရေးအတွက် ပြုလုပ်ထားသော ရေလောင်ကန်များသန့်ရှင်းခြင်းနှင့် ရေငုတ်များပျက်စီးမှုမရှိစေရေး လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။မြိုင် မတ် ၁၉ မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့တွင် ယနေ့ နံနက်ပိုင်းတွင် နွေရာသီမီးဘေးအန္တရာယ်ကာကွယ်ရေး ၊ မီးသတ်ယာဉ်များ ရေအလွယ်တကူရရှိသယ်ဆောင်နိုင်ရေးအတွက် ပြုလုပ်ထားသော ရေလောင်ကန်များသန့်ရှင်းခြင်းနှင့် ရေငုတ်များပျက်စီးမှုမရှိစေရေး လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။ အဆိုပါ လုပ်ငန်းများကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မြို့နယ် မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာ(မြို့မ) ဈေးကော်မတီအဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ အောင်ကျော်မိုး(ပြန်/ဆက်)
Mar 19,2020
ချင်းပြည်နယ်၊ ကျီခါးမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ဒေသအတွင်း ခြင်မှတဆင့် ကူးစက်တတ်သောရောဂါများ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရေး ယမန်နေ့က ကျီခါးမြို့ပေါ်ရပ်ကွက်များ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Mar 19,2020
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် ကိုရိုနာဗိုင်းရပ် (စ်) COVID-19 ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ယနေ့ နံနက် (၉) နာရီအချိန်က စာကြည့်တိုက်သို့ လာသူတိုင်း လက်ဆေးခြင်းဖြင့် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိပါသည်။
Mar 19,2020
ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့ နံနက် ၁၁ နာရီတွင် စမ်းကောက် ကျေးရွာ၌ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်ခြင်းဖြင့် ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
Mar 19,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ရုံးရှိ ကလေးစာဖတ်ခန်းအား မြို့နယ်မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာအဖွဲ့မှ ယမန်နေ့ မွန်းလွဲပိုင်းက လာရောက်လေ့လာ ကြည့်ရှုခဲ့ကြသည်။