နယ်ရုံးများ၏သတင်းများ

Jun 16,2023
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက လယ်ဝေးမြို့၊ အမှတ်(၁) အ​ခြေခံပညာအထက်တန်းကျောင်း၊ ရွှေရတုခန်းမ၌ ကျင်းပသည်။
Jun 15,2023
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်း(Book Club) က ဆရာချစ်နိုင်(စိတ်ပညာ)၏ အောင်မြင်ဖို့အချိန် စာအုပ်အား စာဖတ်ဝိုင်းကျင်းပခြင်းကို ဇွန်လ ၁၃ ရက်နေ့ နံနက်(၁၁)နာရီက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။
Jun 15,2023
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့တွင် ကျရောက်မည့် “ကမ္ဘာ့သွေးလှူရှင်များနေ့” အထိမ်းအမှတ် အသိပညာပေး Talk Show ကို ဇွန်လ ၁၃ ရက်​နေ့၊ နေ့လယ် ၃ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပပြုလုပ်ခဲ့သည်။
Jun 15,2023
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ မွန်းလွဲ (၂) နာရီအချိန်က လှည်းကူးမြို့၊ သာသနာ့ရိပ်သာရပ်ကွက်ရှိ မေဃဝတီ အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပကြောင်း သိရသည်။
Jun 15,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ၂၀၂၃ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်များအား ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ လေ့လာဖတ်ရှုနိုင်ရေးအတွက် ယမန်နေ့က ပွင့်ဖြူမြို့၊ အမှတ်(၄)အခြေခံပညာမူလတန်းကျောင်း သို့ သွားရောက်ပြီး အသိပညာပေး ဟောပြောခြင်းနှင့် ပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Jun 15,2023
 ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်‌ဆံ ရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အင်တာနက်သုံးစွဲမှု၏ဆိုးကျိုးများအသိပညာပေး Talk Show ကို ဇွန်လ ၁၅ ရက် မွန်းလွဲ ၁ နာရီက ကျင်းပသည်။
Jun 15,2023
ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးနှင့် အတွေးအမြင် ဗဟုသုတအသစ်များ တိုးပွားလာစေရန်ရည်ရွယ်၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့က ထုတ်ဝေသည့် “ဝန်ထမ်းကျင့်ဝတ်” စာအုပ်ဖြင့် ဝန်ထမ်းများစုပေါင်း၍ စာဖတ်ဝိုင်းကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမအတွင်း ယနေ့နံနက် (၁၁)နာရီခွဲအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။