နယ်ရုံးများ၏သတင်းများ

Jun 15,2023
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အခြေခံပညာအလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲကို ဇွန်လ ၁၂ ရက်နေ့၊ နံနက် ၁၀နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jun 15,2023
ပေါက်ခေါင်းမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြသ ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အ.ထ.က (ပေါက်ခေါင်း) တွင် ကျင်းပခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Jun 15,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ မြို့နယ်စာပေချစ်သူများအသင်း၊ ပညာရေးဌာနတို့နှင့်ပူးပေါင်း၍ လူငယ်နှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး Talk Show အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။
Jun 15,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာပေမြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် အချင်းချင်းဝိုင်းဖွဲ့ဆွေးနွေးခြင်းအားဖြင့် တစ်ဦးချင်းစီ၏ အတွေးအခေါ် အသိအမြင်များအား မျှဝေတတ်စေရန် စာပေမှရသော အသိအမြင်ဗဟုသုတများကို အသုံးချတတ်စေရန်နှင့် မူးယစ်ဆေးဝါးအန္တရာယ်နှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဆိုင်ရာများကို ပိုမိုသိရှိစေရန်ရည်ရွယ်၍ ယမန်နေ့နံနက် (၁၁) နာရီအချိန်က ရန်ကုန်အရှေ့ပိုင်းခရိုင် (သင်္ဃန်းကျွန်း) ရုံး ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် စာဖတ်ဝိုင်းနှင့် နံရံကပ်စာစောင်ပြပွဲကို ကျင်းပခဲ့သည်။
Jun 15,2023
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အကြိုအဖြစ် အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသပွဲကို ဇွန်လ ၁၃ ရက်နေ့မွန်းလွဲပိုင်းက အ.လ.က သင်္ဃန်းချောင် ကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။
Jun 15,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန (Community Centre) ခန်းမ၌ ဇွန်လ ၁၃ ရက်နေ့ မွန်းလွဲ (၂) နာရီ အချိန်က ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးနှင့် အတွေးအမြင်အသစ်များ တိုးတက်လာစေရန်အတွက် ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ထုတ်ဝေသည့် ဝန်ထမ်းကျင့်ဝတ်စာအုပ်ဖြင့် ဝန်ထမ်းများစုပေါင်း၍ စာဖတ်ဝိုင်းနွေးဆွေးပွဲ ပြုလုပ်ခဲ့ သည်။
Jun 15,2023
ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းနေရွယ် ကလေးငယ်များကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိပြီး အတွေးအခေါ် မြင့်မားလာစေရေးအတွက် ဇွန် ၁၃ ရက် မွန်းလွဲ ၁ နာရီအချိန်က ကျိုက်ထိုမြို့ကံ့ကော်ရပ်ကွက် အခြေခံပညာမူလတန်းကျောင်း (အောင်ချမ်းသာ) ၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ပြုလုပ်ခဲ့သည်။