နယ်ရုံးများ၏သတင်းများ

Aug 09,2024
သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၌ လာမည့်ဩဂုတ် (၃၀)ရက်တွင်ကျင်းပမည့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးကြိုတင်ပြင်ဆင်မှုများအား ဩဂုတ်လ ၇ ရက်နေ့မွန်းလွဲ (၁)နာရီအချိန်တွင် အခမ်းအနားကျင်းပမည့် အ.ထ.က(၁)သန်လျင်သို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇာဇာထွန်းနှင့် ဦးစီးအရာရှိ ဒေါ်အိအိမွန်တို့သည် ကျောင်းအုပ်ဆရာမကြီး ဒေါ်စုစုလှိုင်နှင့်အတူ အခမ်းအနားကျင်းပမည့် ရတနာရှင်းသန့်ခန်းမ၊ ဓာတ်ပုံ၊ နံရံကပ်စာစောင်၊ စာအုပ်ပြပွဲကျင်းပမည့်နေရာ၊ စာအုပ်အရောင်းဆိုင်နှင့် ဂိမ်းကစားမည့်နေရာများအား လိုက်လံကြည့်ရှုကြသည်။
Aug 09,2024
လူငယ်လူရွယ်များ အားကစားဆိုင်ရာအသိပညာနှင့် ဗလငါးတန်ဖွံ့ဖြိုးပြီး လူတော်လူကောင်းများပေါ်ထွန်းလာစေရန်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(နတ်စင်ကုန်း)ကျောင်း၌ ဩဂုတ်လ ၇ ရက်နေ့နံနက်က ကျင်းပခဲ့ကြောင်းသိရသည်။
Aug 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၌ အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများကို အမာမြို့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ယနေ့နံနက် (၉)နာရီ အချိန်ကစတင် ထိုးနှံတိုက်‌ ကျွေး ပေးခဲ့ကြောင်း သိရသည်။
Aug 08,2024
၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကြံခင်းမြို့ နယ်အတွင်းရှိကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ နေ့လည် ပိုင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧရာဦးခန်းမ၌ ကျင်းပသည်။
Aug 08,2024
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အခြေခံပညာဦးစီးဌာနနှင့်ပူး‌ပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်း၊ စာအုပ်စာစောင်များငှားရမ်းခြင်းများကို ဩဂုတ်လ ၆ ရက်နေ့ နံနက်(၁၀)နာရီအချိန်က အမှတ်(၁၄)အခြေခံပညာမူလတန်းကျောင်း၌ သွားရောက်ဆောင်ရွက်ခဲ့ကြ‌သည်။
Aug 07,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် Women Club အဖွဲ့ မှ စာရေးဆရာမ ခင်စောတင့်၏ “အမေဆောက်ခဲ့သောရဲတိုက်ကြီးများ ” စာအုပ် ဖြင့်စာဖတ်ဝိုင်းကို ယနေ့မွန်းလွဲ(၁)နာရီတွင် ကျင်းပသည်။