အမျိုးသားစီမံကိန်းအောင်မြင်ရေး ဝိုင်းဝန်းကြိုးပမ်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဥပဒေအမှတ် (၂၆/၂၀၂၁)ဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ (၆)လ အမျိုးသားစီမံကိန်းဥပဒေကို စက်တင်ဘာလ ၃၀ ရက်နေ့က ပြဋ္ဌာန်းလိုက်သည်။ ဤဥပဒေသည် ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာနှစ် ၂၀၂၁ ခုနှစ် အောက်တို ဘာလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ ဒုတိယ(၆)လတာကာလ အတွက် ဆောင်ရွက်ရမည့် အမျိုးသားစီမံကိန်းဥပဒေဖြစ်သည်။