ဘဝတိုးတက်ရေးမျှော်မှန်းသည့်အတိုင်းကြိုးပမ်း
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုမှာ တတိယလှိုင်းဖြစ်ပွားစ အချိန်အခါ က ဖြစ်ပွားနှုန်း ၄၀ ရာခိုင်နှုန်းခန့်အထိ ဖြစ်ခဲ့သော်လည်း အုပ်ချုပ်ရေးအဖွဲ့အစည်း များ၏ စီမံခန့်ခွဲဆောင်ရွက်မှု၊ ကျန်းမာရေးဝန်ထမ်းများ၏ ကြိုးစားအားထုတ်မှု၊ ပြည်သူတို့၏ ပူးပေါင်းဆောင်ရွက်မှုများကြောင့် ယခုအခါတွင် ဖြစ်ပွားနှုန်း ၁၀ ရာခိုင်နှုန်းအောက်သို့ တဖြည်းဖြည်း ကျဆင်းလာသည်ကို တွေ့ရသည်။ ရောဂါ ကူးစက်ဖြစ်ပွားနှုန်း မျှော်မှန်းထားသည့်အတိုင်း အတိုင်းအတာတစ်ခုအထိ လျော့ကျမှသာ ပြည်သူတို့၏လူမှုစီးပွားဘဝ ပုံမှန်အခြေအနေ ရောက်ရှိလာ မည်ဖြစ်သည်။