စေတနာ၊ မေတ္တာ အေးမြသည့်အရိပ်အာဝါသ
ပြည်ပနိုင်ငံအသီးသီးတွင် အကြောင်းအမျိုးမျိုးဖြင့် သွားရောက်ခဲ့ကြသော မြန်မာ နိုင်ငံသားများ နိုင်ငံအတွင်းသို့ နေ့စဉ်ပြန်လည်ဝင်ရောက်နေကြသည်ကို တွေ့နေရ သည်။ အထူးသဖြင့် အလုပ်အကိုင်များလုပ်ကိုင်ရန်အတွက် သွားရောက်ခဲ့ကြသူ များဖြစ်သည်။ ကမ္ဘာ့နိုင်ငံများ၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု မြင့်မားလာသောအခါ နိုင်ငံသားများ မွေးရပ်မြေနိုင်ငံသို့ ပြန်လိုကြသည်။ ပြည်ပရောက်မြန်မာနိုင်ငံသား များ၏ ဆန္ဒများပြည့်ဝခဲ့ကြသည်။