မတူကွဲပြားမှုများအကြား စည်းလုံးညီညွတ်မှု
၁၉၆၇ ခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင် စတင်တည်ထောင်ခဲ့သော အရှေ့တောင်အာရှနိုင်ငံ များအသင်း (အာဆီယံ) သည် ယခုအခါ (၅၄) နှစ်မြောက် နှစ်ပတ်လည်အခါသမယ သို့ရောက်ရှိလာပြီဖြစ်သည်။ ရာစုနှစ်တစ်ဝက်ကျော် ကြာမြင့်လာပြီဖြစ်သော အာဆီယံ အသင်းကြီးတွင် မြန်မာနိုင်ငံအပါအဝင် အဖွဲ့ဝင်နိုင်ငံ ၁၀ နိုင်ငံတို့သည် “မတူကွဲပြား သောစည်းလုံးညီညွတ်မှု”ဟူသည့် အာဆီယံ၏ဝိသေသလက္ခဏာကို ထိန်းသိမ်းရန် အတွက် အဖွဲ့ဝင်နိုင်ငံအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် ဆောင်ရွက်လျက်ရှိသည်။