ပြည်ထောင်စုအမျိုးသားအကျိုးစီးပွားရှေးရှု
မြန်မာနိုင်ငံသည် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်းတို့အပါအဝင် တိုင်းရင်းသားမျိုးနွယ်စုပေါင်းတစ်ရာကျော်ဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စု နိုင်ငံဖြစ်သည်။ အများဆန္ဒကို ဦးစားပေးသည့် ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နေ သောတိုင်းပြည်ဖြစ်သည်။ ဒီမိုကရေစီတွင် အများဆန္ဒကို ဦးစားပေးရသော်လည်း အနည်းဆန္ဒကိုလည်း အလေးထားရပေသည်။ တိုင်းရင်းသားလူမျိုးများသည် လူဦးရေအရ အနည်းဖြစ်သော်လည်း မျိုးနွယ်စုအရ အများဖြစ်၍ ပြည်ထောင်စု အမျိုးသားအကျိုးစီးပွားကို အလေးထားဦးစားပေးရမည်ဖြစ်သည်။