ကောင်းကွက်ကိုရှာ ဘဝအတွက်အသုံးချ
အယ်ဒီတာ့အာဘော်
============
ကောင်းကွက်ကိုရှာ ဘဝအတွက်အသုံးချ
=======================
လူသားများအားလုံးကို အန္တရာယ်ပေးလျက်ရှိသည့် ကိုဗစ်-၁၉ ကူးစက်မြန် ကပ်ရောဂါကို ကြောက်မက်ဖွယ်ရောဂါဆိုးအဖြစ် ရှုမြင်ထားကြပါ သည်။ လက်တွေ့တွင် တစ်ကမ္ဘာလုံး၌ ၎င်းရောဂါပိုးကူးစက်ခံရသူ ၉၃ သန်းကျော်နှင့် ထိုဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ နှစ်သန်းကျော်ပြီဖြစ်သည်။ ၎င်းရောဂါပိုးသည် ကမ္ဘာတွင် ဆက်ရှိနေဦးမည်ဖြစ်၍ ထိခိုက်ဆုံးရှုံးသည့် လူသားများ နေ့စဉ်တိုးနေသည်။