မူးယစ်ဆေးဝါးအလွဲသုံးမှုကို ဆန့်ကျင်တိုက်ဖျက်
ယနေ့သည် (၃၄) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ဖြစ်သည်။ ဤနေ့တွင် လူသားမျိုးနွယ် တစ်ရပ်လုံးကို လူညွန့်တုံးအောင် ဖျက်ဆီးလျက်ရှိသော မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကား သုံးစွဲမှုများကို ကမ္ဘာ့နိုင်ငံအသီးသီးက အသိပညာပေးဝိုင်းဝန်းလှုံ့ဆော် ပေးကာ ထိရောက်စွာတိုက်ဖျက်နိုင်ရေး ဆောင်ရွက်ကြခြင်းကို ရည်ညွှန်းသောနေ့ ဖြစ်သည်။
