သစ္စာဖောက်တဲ့လား
ယခုတလော လေလှိုင်းပေါ်ကတစ်ဆင့် ကြေညာ ချက်ပေါင်းစုံကို အကြိမ်ကြိမ် အလီလီ ထုတ်ပြန် နေတဲ့ NUG အဖွဲ့က ပြည်သူ့ဝန်ကိုထမ်းရွက်နေကြ တဲ့ Non CDM ပြည်သူ့ဝန်ထမ်းများကို နိုင်ငံ့သစ္စာ ဖောက်များရယ်လို့ အမည်မည်းစာရင်းကြေညာ ချက်တွေ ဆက်တိုက်ထုတ်ပြန်လျက်ရှိတာ တွေ့ရ ပါတယ်။
သစ္စာဖောက်ဆိုတဲ့ စကားလုံးအသုံးအနှုန်းက တကယ်တမ်းဆိုရရင် ကြောင်းကျိုးမဆီလျော်တဲ့ အပြင် သဘာဝယုတ္တိ၊ အာဂမယုတ္တိကင်းမဲ့လွန်းလှ ပါတယ်။ ဒါ့အပြင် ရပ်ကွက်ထဲက အရက်ဝိုင်းမှာ ကိုယ်နဲ့အတူ တွဲမသောက်လို့ စိတ်ခံစားချက်တွေ အရ ပေါက်ကွဲထွက်ပြီး စွပ်စွဲပြောသလိုမျိုးဖြစ်နေပါတယ်။
- Read more about သစ္စာဖောက်တဲ့လား
- Log in to post comments