ကျန်းမာရေး

ကိုဗစ်-၁၉ ရောဂါအတွက် ဆေးခါးကြီး (ငရုတ်ခါး) အစွမ်း

ထိုင်းနိုင်ငံ၌   ကိုဗစ်-၁၉   ရောဂါကူးစက်မှု   ပြန်လည်ဖြစ်ပွားနေစဉ် ရှေ့ပြေးအစီအစဉ်အဖြစ် ရောဂါမပြင်းထန်သည့် ကိုဗစ်-၁၉ လူနာများ ကို ဆေးဖက်ဝင်အပင်ဖြစ်သော ဆေးခါးကြီး (ငရုတ်ခါး) ဖြင့် အသုံးပြု ကုသမှုကို   ၎င်းနိုင်ငံ၏ကျန်းမာရေးဝန်ကြီးဌာနက  ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ကတည်းက  စတင်၍  ခွင့်ပြုလိုက် ကြောင်း သိရသည်။ ထိုအပင်ဖြင့် ကုသမှုသည် ပြင်းထန်သောရောဂါ ကူးစက်ပျံ့နှံ့မှုကို လျော့ကျစေမည့်အပြင် ကုသမှုကုန်ကျစရိတ်လည်း လျှော့ချပေးနိုင်မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ ကျန်းမာရေးဝန်ကြီး ဌာနကပြောသည်။ သို့သော် ဆေးခါးကြီး   (ငရုတ်ခါး)   ဖြင့်ကုသမှုကို အစိုးရဆေးရုံငါးရုံတွင်သာ  ကနဦးရရှိဦးမ

ကိုဗစ်တတိယလှိုင်းနှင့် လေကြောင်းစီးပွားရေး

သက်မောင်(စက်မှု)

===============

 

၂၀၁၉ ခုနှစ်နှောင်းပိုင်းက စတင်လာခဲ့သော  ကိုဗစ်-၁၉ ကပ်ရောဂါ သည် မြန်မာနိုင်ငံသို့  ၂၀၂၀ ပြည့်နှစ်  မတ်လတွင် စတင်ပျံ့နှံ့ရောက်ရှိ လာရာ  ယခုဆိုလျှင်  တစ်နှစ်ခွဲတိုင်ကြာရှည်လာခဲ့ပြီဖြစ်သည်။ ကိုဗစ်က ဗီဇမျိုးကွဲများဖြင့်   တစ်လှိုင်းပြီးတစ်လှိုင်း  ဝင်လာလိုက်၊ ထိန်းချုပ်သွားနိုင်လိုက်နှင့်   မြန်မာပြည်သို့   တတိယလှိုင်းရိုက်ခတ် ခဲ့သည်မှာပင် သုံးလခန့်ရှိပြီဖြစ်သည်။


လေကြောင်းစီးပွားရေးက အထိခိုက်ဆုံးဖြစ်

လူကုန်ကူးမှုအန္တရာယ် ဝိုင်းဝန်းပူးပေါင်း တို့ကာကွယ်

ဒေါ်မြတ်လေးခိုင်(အလယ်တန်းပြ)

======================

 

ယနေ့ခေတ်တွင် ကမ္ဘာကြီးကို ခြိမ်းခြောက်စိန်ခေါ် နေသည့်အကြမ်းဖက်မှု၊       မူးယစ်ဆေးဝါးမှု၊ လက်နက်မှုတို့အပြင်     လူကုန်ကူးမှုသည်လည်း ကမ္ဘာ့ထိပ်တန်းရောက်ရှိနေသည့် လူ့အခွင့်အရေး ချိုးဖောက်နေသည့်         ပြစ်မှုကြီးတစ်ခုအဖြစ် ရောက်ရှိနေသည်ကို လူအများသိရှိကြမည်ဖြစ်ပေ သည်။  လူကုန်ကူးမှုသည်  အရင်းအနှီးနည်းပါးစွာ ဖြင့်  အမြတ်အစွန်းများများရရှိသောလုပ်ငန်းဖြစ် သဖြင့် လူကုန်ကူးသူလူပွဲစားများသည် ထိုလုပ်ငန်း ကို အဓိကထားလုပ်ကိုင်နေကြခြင်းဖြစ်ပေသည်။

ကာကွယ်ဆေးထိုးထားရင် ကူးစက်ခံရရင်တောင် ခံနိုင်ရည်ရှိတယ်ဆိုတာသိရတော့ ဆေးထိုးထားတာ ပိုလုံခြုံမယ်ယုံကြည်လို့ ဆေးထိုးဖြစ်တာပါ

စက်တင်ဘာ ၂ ရက်တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း မြို့နယ်များ၌ စုရပ်များခွဲ၍ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးသူများ၏ စကားသံများကို မေးမြန်းဖော်ပြလိုက်ရပါသည်။

 

မဖြစ်ခင်က ကြိုတင်ကာကွယ်တာ အကောင်းဆုံးဖြစ်တဲ့အတွက်ကြောင့် ကိုယ်ရတဲ့အခွင့်အရေး အလှည့်ကျပေးလာတဲ့ ကာကွယ်ဆေးကို ထိုးကိုထိုးသင့်တယ်၊ ဒီလို ထိုးလို့လည်း ကိုယ့်အတွက် ဘာမှ ဆိုးကျိုးမရှိဘူး

ရန်ကုန်တောင်ပိုင်းခရိုင် ဒလမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ တတိယလှိုင်းကာလအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး သက်သာပျောက်ကင်းလာသူနှင့် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လာရောက်၍ ထိုးနှံကြသော အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများ၏ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမဖြစ်အောင် ကျန်းမာရေးဂရုတစိုက်နေထိုင်ကြမှုနှင့် ကာကွယ်ဆေးထိုးခြင်း၏ အကျိုးများကို သိရှိစေရေးအတွက် ၎င်းတို့၏ စကားသံများကို ဖော်ပြလိုက်ပါသည်။ 

ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း အမြန်ပြီးဆုံးဖို့ ဆက်လက်ပူးပေါင်းဆောင်ရွက်ကြပါစို့

၂၀၂၁ ခုနှစ် ဩဂုတ် ၃၁ ရက် ည ၈ နာရီတွင် ကျန်းမာရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ချက်အရ (၃၀-၈-၂၀၂၁)ရက်နေ့၊ ည (၈:၀၀) နာရီမှ (၃၁-၈-၂၀၂၁)ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၃၉,၂၈၉) ခုအား  စစ်ဆေးပြီးစီးခဲ့ရာ  ကိုဗစ်-၁၉ ရောဂါ  ဓာတ်ခွဲ အတည်ပြုလူနာသစ် (၃,၃၉၉) ဦး   တွေ့ရှိရ၍   ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းအားဖြင့် ၈ ဒသမ ၆၅ ရာခိုင်နှုန်း တွေ့ရှိခဲ့ရကြောင်း သိရှိရ ပါသည်။ ထို့အတူ (၂၉-၈-၂၀၂၁) ရက်နေ့၊  ည (၈:၀၀) နာရီမှ (၃၀-၈-၂၀၂၁) ရက်နေ့၊ ည(၈:၀၀)နာရီအတွင်းတွင်လည်း ဓာတ်ခွဲနမူနာ စုစုပေါင်း(၄၂,၄၉၇) ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၃,၅၈၃)ဦး  ရောဂါပိုးတွေ့ရှိမှု ရာခ

Subscribe to ကျန်းမာရေး