ကျန်းမာရေး

စေတနာ၊ မေတ္တာ၊ ကရုဏာများအတွက် မုဒိတာဖြစ်ရပါသည်

မြန်မာနိုင်ငံတွင် ကိုဗစ်ပထမလှိုင်းကို ၂၀၂၀ ပြည့်နှစ် မတ်လမှ စတင်ဖြတ်သန်းခဲ့သည်။ ပထမ လှိုင်းတွင် ကိုဗစ်- ၁၉ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ရာဂဏန်းနှင့်   သေဆုံးသူ   ခုဂဏန်းမျှသာရှိ၏။  ကူးစက်မှုဒုတိယလှိုင်းကို ၂၀၂၀ ပြည့်နှစ် သြဂုတ် လတွင်   ထပ်မံကြုံတွေ့ခဲ့ရသည်။  ကျန်းမာရေး ဝန်ကြီးဌာန၏ထုတ်ပြန်ချက်များအရ   ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလကုန်အထိ မြန်မာနိုင်ငံ တွင်  ကိုဗစ်ကူးစက်ခံရသည့်လူနာ   ၁၂၄၂၇ ဦး၊ ကုသပျောက်ကင်းပြီး ဆေးရုံမှဆင်းခွင့်ရသူ ၃၃၉၁ ဦး၊ သေဆုံးသူ ၂၈၄ ဦးရှိပြီး ဆက်လက်ကုသမှုခံယူ သူ ၈၇၅၂ ဦးရှိသည်။ 

ကမ္ဘာ့ကပ်ရောဂါကို ရပ်တန့်နိုင်တာက ကာကွယ်ဆေး မဟုတ်ပါဘူး၊ ကာကွယ်ဆေး ထိုးနှံခြင်းဖြစ်ပါတယ်၊ ကာကွယ်ဆေးတွေ ရှိနေပေမယ့် များများထိုးမှ ကာကွယ်နိုင်မှာဖြစ်ပါတယ်

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဩဂုတ် ၂၈ ရက် ည ၈ နာရီ သတင်းအပြီးတွင် ထုတ်လွှင့် ပြသခဲ့သည့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက် ချက်များအကြောင်း သိကောင်းစရာ အစီအစဉ်ကို ပြည်သူများ သိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။

 

ကိုဗစ်-၁၉ ကို အတူတကွ တွန်းလှန်ကာကွယ်ကြသူများ

တစ်ကမ္ဘာလုံး ခံစားကြုံတွေ့နေရတဲ့ ကိုဗစ်-၁၉ ကို မိမိတို့နိုင်ငံသားတွေလည်း ပြီးခဲ့တဲ့ကာလမှာ  အလူးအလဲ ခံစားခဲ့ကြရပါတယ်။ ကိုဗစ် - ၁၉ ပထမလှိုင်း၊ ဒုတိယလှိုင်း၊ တတိယလှိုင်း စတဲ့ လှိုင်းအဆင့်ဆင့်အနက် အခုကြုံနေရတဲ့ တတိယလှိုင်းအတွင်း ပြီးခဲ့တဲ့ ဇူလိုင်လက  ကူးစက်မှုအမြင့်ဆုံးကြုံခဲ့ရတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ 

ကိုဗစ်-၁၉ ရောဂါက ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ လူမှုရေးပိုင်းဆိုင်ရာတွေကို ထိခိုက်ပါတယ်၊ ကျန်းမာခြင်းရဲ့ အင်္ဂါရပ် သုံးခုစလုံးကို ထိခိုက်စေတာ ဖြစ်ပါတယ်၊ ဒါကြောင့် ဒီရောဂါ မဖြစ်တာ အကောင်းဆုံးပါ

အစီအစဉ်မှူး။    ။    နိုင်ငံတစ်ဝန်း ကိုဗစ်-
            ၁၉ တတိယလှိုင်း  ဖြစ်ပွား နေတာနဲ့ပတ်သက်ပြီး  ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဌာန  ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာ သန်းနိုင်စိုးနဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။

တိုးထုတ်၊ လျှော့စား အကျိုးစီးပွားများပြား

“ဆီကိုရေချိုး၊   ဆေးရိုးမီးလှုံ၊   စပါးတောင်လိုပုံ” ဟူသည့် ဆိုရိုးစကားသည် ကျွန်တော်တို့ ဘိုးဘွားများ လက်ထက်က အမှန်တကယ်ဖြစ်ခဲ့သည်ကို ဂုဏ်ပြု တင်စား ဆိုထားခြင်းဖြစ်ပါသည်။ ရာသီဥတုမှန်၊ သီးနှံလည်းအထွက်ကောင်းသဖြင့် အညာတစ်ခွင် တွင် ရာဝင်ဆီအိုးကြီးများ အစီအရီရှိကြသည်ကို ညွှန်းဆိုထားဟန်တူပါသည်။ နွေအခါ ရေကျသွား သည့် ချောင်းရိုးတစ်လျှောက်နှင့် ကုန်းစပ်စပ်မြေ တွင် တောင်သူဦးကြီးတို့ မြန်မာ့ဆေးရွက်ကြီးများ စိုက်ကြသည်။ ကျေးရွာအုပ်စုတစ်ခုတွင်ပင် ဧက ၁၀၀  ထက်မက  စိုက်ကြသည်။  ဒေသ၏ ဆေး တစ်ဧက အထွက်နှုန်းမှာ ပိဿာ ၁၀၀ ခန့်ဖြစ်သည်။ 

ကိုဗစ်-၁၉ ရောဂါနဲ့ နောက်တစ်ဆင့်မြှင့်တင်ရတော့မယ့် တိုင်းရင်းဆေးအခန်းကဏ္ဍ

 

ထက်မြတ်

(ယမန်နေ့မှအဆက်)


တရုတ်နိုင်ငံရဲ့တိုင်းရင်းဆေး


တရုတ်အစိုးရက      နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပျံ့နှံ့ချိန်မှာ အဲဒီရောဂါကို ကုသဖို့အတွက် ဆေးဝါးကို တိုင်းရင်းဆေးတွေထဲကနေ အသုံးပြုဖို့ လမ်းညွှန်တိုက်တွန်းခဲ့ပါတယ်။


အစိုးရရဲ့  လမ်းညွှန်တိုက်တွန်းချက် ကြောင့်ပဲ များမကြာမီအချိန်အတွင်းမှာ ကိုဗစ်-၁၉    ရောဂါကို   ကုသနိုင်တဲ့ တိုင်းရင်းဆေးတွေ   အလျှိုလျှိုထွက်ပေါ် လာတာကို တွေ့ရပါတယ်။

ကိုဗစ်-၁၉ မျိုးကွဲများနှင့် အနာဂတ်တွင် ဖြစ်နိုင်ဖွယ်ရာများ

 

ကိုလူ

အခုချိန်မှာ  ဖြစ်ပွားလျက်ရှိတဲ့  ကိုဗစ်-၁၉ ကပ်ရောဂါဘေးကို  တစ်ကမ္ဘာလုံးက ရင်ဆိုင်နေရတဲ့အချိန်မှာ  ဆေးပညာရှင် တွေနဲ့      လူထုကို      စိုးရိမ်လာစေတာက ဗိုင်းရပ်စ်ရဲ့         မျိုးဗီဇပြောင်းလဲမှုပဲ။ ဒီရောဂါကို  စဖြစ်စေခဲ့တဲ့  ဝူဟန်မြို့မှ ဗိုင်းရပ်စ်ကနေပြီး      မျိုးကွဲတွေများစွာ ပေါ်ထွက်လာခဲ့ရာ       အခုအချိန်မှာ ကူးစက်မှုအမြန်ဆုံးနဲ့ ထိခိုက်သေဆုံးမှု အများဆုံးဖြစ်လာစေတဲ့  မျိုးကွဲကတော့ ဒယ်လ်တာ   (Delta)    မျိုးစိတ်ဖြစ်လာ တယ်။   ဒီနောက်မှာတော့   လမ်(ဘ်)ဒါ (Lambda) မျိုးစိတ်က စိုးရိမ်ဖွယ်ရာ     ကူးစက်မှုအခြေအနေကို     ဖြစ်လာစေ တယ်။ 

 

Subscribe to ကျန်းမာရေး