ကိုဗစ်-၁၉ ရောဂါနဲ့ နောက်တစ်ဆင့်မြှင့်တင်ရတော့မယ့် တိုင်းရင်းဆေးအခန်းကဏ္ဍ
ထက်မြတ်
ဒေါက်တာသန်းနိုင်စိုး(ကျန်းမာရေးအသိပညာမြှင့်တင်ရေး)
လက်ရှိအချိန်ကာလသည် နိုင်ငံတကာတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး (SARS-Cov-2)၏ မျိုးရိုးဗီဇများ ပြောင်းလဲကူးစက်နေချိန်ဖြစ်ကာ မိမိတို့နိုင်ငံတွင်လည်း အဆိုပါ မျိုးရိုးဗီဇပြောင်းရောဂါပိုးများကြောင့် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းကိုခံစားနေရချိန်ဖြစ်ပါသည်။ မျိုးရိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ပိုးများ ဥပမာ- ဒယ်လ်တာ ဗိုင်းရပ်စ်မျိုးကွဲသည် မူလကိုရိုနာဗိုင်းရပ်စ်ပိုးများနှင့် နှိုင်းယှဉ်လျှင်ကူးစက်မှုနှုန်း နှစ်ဆမှ သုံးဆအထိပိုမို၍ ကူးစက်ကာ ရောဂါပြင်းထန်စွာ ဖြစ်ပွားနိုင်သည့်နှုန်း ပိုမိုမြင့်မားကြောင်း တွေ့ရှိနေရပါသည်။
ရုံးပိတ်ရက်ရှည်ကာလ သြဂုတ်လဆန်းတွင် အမေ့ အတွက် မိသားစုပင်စင်လစာငွေများကို ရန်ကုန်မြို့ မြန်မာ့စီးပွားရေးဘဏ် ဘဏ်ခွဲ(၄)၌ ကိုယ်စား သွားထုတ်ပေးဖြစ်သည်။
အမေက အသက် ၉၀ ကျော်ပြီ။ သည်ကြားထဲ လူကြီးနာဖြင့် အိပ်ရာထဲ လဲနေသည်မှာ လေး၊ ငါးလ ခန့်ရှိနေပြီမို့ လျှောက်လွှာပေါ်တွင် လက်မှတ်ပင် ပီပီသသမထိုးနိုင်တော့။ တစ်ကြိမ်နှင့်တစ်ကြိမ် ထိုးမြဲလက်မှတ်ကလည်း မတူတော့။ သည်လလည်း ပြီးခဲ့သည့်လက လက်မှတ်နှင့် မတူညီပြန်။ ငွေထုတ် ကောင်တာမှ ဝန်ထမ်းညီမငယ်က နားလည်မှုရှိစွာ ပံ့ပိုးကူညီဆောင်ရွက်ပေး၍ အဆင်ပြေခဲ့ရပါ၏။
Video Call ဖြင့်သာ သက်သေ
ကိုလူ
==
အခုအခါမှာ နိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိတဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်မှု တတိယလှိုင်းဟာ ရှေ့မှာ ဖြစ်ပွားခဲ့တဲ့ ပထမလှိုင်း၊ ဒုတိယလှိုင်းတွေနဲ့ မတူဘဲ ကူးစက်ခံရသူနဲ့ သေဆုံးသူ စံချိန်တင် မြင့်မားတာကို တွေ့ရှိရမှာဖြစ်တယ်။ ဒီတော့ ဘာကြောင့် သေဆုံးမှုနှုန်း မြင့်မားလာသလဲဆိုတဲ့ အချက်ဟာ ကျန်းမာရေးပညာရှင်တွေနဲ့ စီမံအုပ်ချုပ် သူတွေအတွက် အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာ သိထားသင့်တဲ့အချက်တွေ ဖြစ်လာပါ တယ်။ အဆိုပါအချက်တွေကို လေ့လာကြည့်တဲ့ အခါမှာ အောက်ပါအတိုင်း တွေ့ရမှာဖြစ် တယ်။
အခုဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ရဲ့ ဗီဇ ပြောင်းမျိုးကွဲအသစ် ဒယ်လ်တာ (Delta) မျိုးကွဲ ဟာ ယခင်ဗိုင်းရပ်စ်မျိုးကွဲတွေဖြစ်တဲ့ အယ်လ်ဖာ/ဘီတာ (Alpha/Beta) တို့ထက် ကူးစက်မှု၊ ပြင်းထန်မှု၊ သေဆုံးမှုတွေ ပိုမြင့်နေတယ်လို့ လေ့လာချက်တွေအရ သိရှိရပါတယ်။ ၎င်းမျိုးကွဲ ဟာဆိုရင် ပုံတူမျိုးပွားနိုင်စွမ်း အလွန်မြန်တယ်။ ခန္ဓာကိုယ်ခုခံစွမ်းအားကို ကျော်လွှားသွားနိုင် တယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကတော့ ဒယ်လ်တာမျိုးကွဲကို အလျင်မြန်ဆုံးနဲ့ အကြံ့ခိုင်ဆုံး မျိုးကွဲ “fastest and fittest” variant လို့ဆိုပါ တယ်။ ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုကို အကောင်း ဆုံးထိန်းချုပ်နိုင်ဖို့ကတော့
လတ်တလောမှာဆိုရင် မြန်မာနိုင်ငံအနှံ့ ကိုဗစ်-၁၉ ရောဂါ ပိုးကူးစက်မှုတွေ မြင့်တက်လာတာနဲ့အမျှ နိုင်ငံအနှံ့ဖွင့်လှစ်ထားတဲ့ Quarantine Centre တွေမှာလည်း အလုပ်များနေကြတာကို တွေ့ရသလို Home Quarantine ၊ Hotel Quarantine စသဖြင့် ဝင်ကြတာလည်း တွေ့ရပါတယ်။ ကွာရန်တင်း(Quarantine)ဝင်ခြင်း ဆိုသည်မှာ မိမိမှတစ်ဆင့်တခြားသူများသို့ ရောဂါကူးစက်မှုမရှိအောင် တတ်နိုင်သမျှ တခြားသူများနဲ့ ထိတွေ့ပြောဆိုဆက်ဆံမှုမပြုဘဲ သီးသန့်ခွဲခြားနေထိုင်ခြင်းကိုဆိုလိုပါတယ်။
ကွာရန်တင်း(Quarantine)ဝင်ခြင်း၏ အရေးပါပုံ
ပေါက်ပေါက်
======
Copyright © 2026. All rights reserved.
News and Periodical Enterprise