ဥပဒ်ရန်ဘေးကင်းစင်ဝေး၍ ငြိမ်းအေးနိုင်ကြပါစေကြောင်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရှမ်းပြည်နယ်(မြောက်ပိုင်း) ခရီးစဉ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများနှင့် တွေ့ဆုံခဲ့သည့် သတင်းကို နိုင်ငံပိုင်မီဒီယာများတွင် မိမိတို့တွေ့မြင်ဖတ်ရှုသိရှိ ခဲ့ကြရပြီးဖြစ်သည်။ ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် အောက်တို ဘာလ ၂၇ ရက်မှစ၍ MNDAA ၊ TNLA ၊ AA အဖွဲ့တို့နှင့် PDF အမည်ခံအကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့တို့၏ အကြမ်းဖက် လုပ်ရပ်များကြောင့် ဒေသခံပြည်သူများ ၎င်းတို့နေထိုင်ရာ မြို့ရွာ များကို စွန့်ခွာတိမ်းရှောင်ခဲ့ကြရသည်။