မြန်မာ့အလင်းအယ်ဒီတာအာဘော်
သမဝါယမအသင်းများအဖြစ် အကျိုးတူပူးပေါင်းဆောင်ရွက်
မြန်မာ့စီးပွားရေး၏ အဓိကမောင်းနှင်အားဖြစ်သော အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ(MSMEs) ဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် အထူး အရေးပါသည်။ MSME များ အားကောင်းမောင်းသန် ဖွံ့ဖြိုးလာစေ ရန်မှာ လုပ်ငန်းတူရာ အသေးစားစီးပွားရေးလုပ်ငန်းများ အချင်းချင်းပူးပေါင်း၍ လုပ်ငန်းကြီးတစ်ခုဖြစ်လာအောင် ဆောင်ရွက်ရန်ဖြစ်ပြီး မိမိတို့နိုင်ငံ အနေအထားအရ သမဝါယမ စနစ်ဖြင့်ဆောင်ရွက်ခြင်းက အသင့်တော်ဆုံးဖြစ်သည်။
စိုက်ပျိုးမွေးမြူရေးအကျိုးပြု သဘာဝမြေဩဇာစက်ရုံများ တည်ထောင်
လယ်ယာကဏ္ဍသီးနှံများ ထုတ်လုပ်မှုတိုးတက်မြင့်မားရေးနှင့် အရည်အသွေးကောင်းမွန်ရေးတို့အတွက် မြေ၊ ရေနှင့် လုပ်အား အရင်းအမြစ်များအပြင် လယ်ယာသွင်းအားစုများအနက်မှ တစ်ခု ဖြစ်သည့် မြေဩဇာကို လိုအပ်သည့်ပမာဏ၊ လိုအပ်သည့်အချိန် အတိုင်း အသုံးပြုနိုင်ရေးသည်လည်း အရေးကြီးသည်။ မိမိတို့နိုင်ငံ တွင် စိုက်ပျိုးရေးအတွက် ဓာတ်မြေဩဇာကို လိုအပ်ချက်နှင့်အညီ ထုတ်လုပ်ဖြည့်ဆည်းပေးနိုင်စွမ်းမရှိခြင်းကြောင့် ပြည်ပမှ တင်သွင်းနေရသည်။ ကမ္ဘာ့နိုင်ငံများတွင် ဓာတ်မြေဩဇာဈေးနှုန်း များ မြင့်တက်လာခြင်းကြောင့် စိုက်ပျိုးတောင်သူများအနေဖြင့် အရည်အသွေးပြည့်ဝသော မြေဩဇာများ ရရှိသုံးစွဲနိုင်ရေး၊ စိုက်ပျိုးထုတ်လုပ်မှု လျော့နည်းကျဆင်
နိုင်ငံတော်၏အနာဂတ်အတွက် အားကိုးအားထားပြုနိုင်သည့် လူရည်ချွန် လူရည်မွန်များဖြစ်ရေး
ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စု တည်ဆောက်ရေးတွင် နိုင်ငံသားတိုင်း ပညာရည်ပြည့်ဝရန် အရေးကြီးသကဲ့သို့ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံအဖြစ် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရန်အတွက်လည်း ပညာရေးကို မြှင့်တင်အားပေးရမည်ဖြစ်သည်။ အသိပညာ၊ အတတ်ပညာ၊ ကျွမ်းကျင်မှုတို့နှင့် ပြည့်စုံသော လူ့စွမ်းအားအရင်းအမြစ်ဖြင့်သာ နိုင်ငံကို တည်ဆောက်နိုင်မည်ဖြစ်သည့်အလျောက် လူ့စွမ်းအား အရင်းအမြစ် ပြုစုပျိုးထောင်မှု စဉ်ဆက်မပြတ် ကောင်းမွန်နေရန် လိုအပ်သည်။
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကာကွယ်ရေး ပေါင်းစုရင်းနှီးမြှုပ်နှံပေး
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားဆောင်ရွက်မှုသည် နှစ်စဉ် နိုဝင်ဘာလ ၂၅ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနှင့် မိန်းကလေး များအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့မှစတင်၍ နှစ်စဉ် ဒီဇင်ဘာလ ၁၀ ရက်တွင် ကျရောက်သည့် လူ့အခွင့်အရေးနေ့ အထိ ကျင်းပခြင်းဖြစ်သည်။ အဆိုပါ နိုင်ငံတကာလှုပ်ရှားမှုသည် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု၏ အန္တရာယ်ကို မီးမောင်း ထိုးပြရန်နှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ ပပျောက် ရေး ဆောင်ရွက်မှုများ ပေါ်ပေါက်လာစေရန် ရည်ရွယ်ခြင်းလည်း ဖြစ်သည်။
အပြုနှင့်အဖျက်
လမ်းတံတားများသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတစ်ဝန်းလုံး ရှိ ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝတိုးတက်မြင့်မား ရေးတို့အတွက် လွန်စွာအရေးကြီးသည်။ လမ်းများနှင့် တံတား များ ဖွံ့ဖြိုးတိုးတက်သည်နှင့်အမျှ ခရီးသွားလာမှုနှင့် ကုန်စည် သယ်ယူပို့ဆောင်မှုတို့ လွယ်ကူလျင်မြန်စေသည့်အပြင် သယ်ယူ ပို့ဆောင်မှုစရိတ်များလည်း လျော့နည်းစေသည်ဖြစ်ရာ နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူလူထု လူမှုစီးပွားဘဝမြင့်မားမှုတို့ အတွက် အဓိကကျသော အထောက်အပံ့များပင်ဖြစ်သည်။
တစ်စည်းတစ်လုံးတည်းသော နိုင်ငံ့အင်အားတည်ဆောက်ရန်လို
ယခုတလော သတင်းတု၊ သတင်းမှားများနှင့်ကောလာဟလ အမျိုးမျိုးတို့ တစ်ကြိမ်ပြီးတစ်ကြိမ်၊ တစ်မျိုးပြီးတစ်မျိုး မရိုး အောင် မသမာသူတို့က ထုတ်လွှင့်နေကြသည်။ လတ်တလော ဖြစ်ပွားနေသည့်တိုက်ပွဲဖြစ်စဉ်များမှသည် စက်သုံးဆီကိစ္စ၊ ဘဏ် ကိစ္စ၊ ဝန်ထမ်းအဖွဲ့အစည်းများအတွင်း လုံခြုံရေးတပ်ဖွဲ့များ ဖွဲ့စည်းရန် စေခိုင်းသည်ဆိုသည့်ကိစ္စတို့အထိ ရည်ရွယ်ချက်ရှိရှိ ထုတ်လွှင့်လိုက်သည့် လုပ်ကြံသတင်းများမှာ နိုင်ငံနှင့်ပြည်သူ လူထုအတွင်း မတည်မငြိမ်ဖြစ်စေရန်၊ အကျပ်အတည်းများဖြစ်စေ ရန်၊ အာရုံအမျိုးမျိုး ရှုပ်ထွေးဝေဝါးစေရန်ပင်ဖြစ်သည်။
ယာဉ်အန္တရာယ်ကင်းရှင်းရေး လူတိုင်းကိုယ်စီ စည်းကမ်းလိုက်နာ
ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများသည် ယာဉ်နှင့်လမ်းတို့ကို နေ့စဉ် မဖြစ်မနေ အသုံးပြုနေကြရသူများ အန္တရာယ်မကျရောက် စေရေးအတွက် ချမှတ်ထားခြင်းဖြစ်ပြီး မပျက်မကွက် လိုက်နာ ကျင့်သုံးကြရန်လည်း လိုသည်။ ခေတ်နှင့်အညီ စက်တပ်ယာဉ် များကို ပိုမိုသုံးစွဲလာသည်နှင့်အမျှ အန္တရာယ်ဖြစ်ပေါ်နိုင်သည့် အခြေအနေ ပိုမိုမြင့်မားလျက်ရှိရာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း တို့ကို လိုက်နာကြမှသာလျှင် ဘေးအန္တရာယ်ဖြစ်ပွားမှု လျှော့ချ နိုင်မည်ဖြစ်သည်။