ကိုယ်ကျင့်သိက္ခာမြှင့်တင်ခြင်းဖြင့် အဂတိလိုက်စားမှု ကင်းစင်စေရေး
အဂတိလိုက်စားမှုသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် ကြီးမား သော အန္တရာယ်တစ်ရပ်ဖြစ်သည်။ အဂတိလိုက်စားမှုများကြောင့် ပြည်သူတို့၏ ကိုယ်စိတ်နှစ်ပါးအပေါ် ထိခိုက်စေပြီး လူမှုအဖွဲ့ အစည်းများအပေါ် ယုံကြည်ကိုးစားမှုတို့ လျော့နည်း၊ ပျောက်ဆုံး စေသည်။ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှု၊ တရားမျှတမှုနှင့် ကျင့်ဝတ် တန်ဖိုးတို့ကို အန္တရာယ်ဖြစ်စေနိုင်သည့်အပြင် လူမှုပတ်ဝန်းကျင် တည်ငြိမ်မှုနှင့် တရားဥပဒေစိုးမိုးမှုတို့ကိုလည်း ထိခိုက်ပျက်စီး စေနိုင်သည်။