မြန်မာ့အလင်းအယ်ဒီတာအာဘော်
အောင်မြင်မှု ဆုတံဆိပ်များနှင့်အတူ
အမျိုးသားရေးစိတ်ဓာတ်နှင့် ရိုးရာယဉ်ကျေးမှုဟူသည် ဒင်္ဂါး တစ်ပြား၏ ခေါင်းနှင့်ပန်းသဖွယ်ဖြစ်ပြီး နိုင်ငံတိုင်း၊ လူမျိုးတိုင်း တွင် ရှိနေကြသောအရာများလည်း ဖြစ်သည်။ ကမ္ဘာ့နိုင်ငံများ ကိုလေ့လာပါက တစ်နိုင်ငံတွင် လူမျိုးတစ်မျိုးတည်းသာ နေထိုင် နေကြခြင်းမဟုတ်ဘဲ ဘာသာစကား၊ ဓလေ့ထုံးစံ၊ ယဉ်ကျေးမှု စသည်တို့ မတူကွဲပြားသည့်လူမျိုးများ စုပေါင်းနေထိုင်ကြခြင်း ဖြစ်သည်ကို တွေ့နိုင်သည်။ အချို့ဘာသာစကားတစ်မျိုးတည်းကို သာ တစ်နိုင်ငံလုံးတွင် ပြောနေကြစေကာမူ ဒေသတစ်ခုနှင့်တစ်ခု၊ တစ်မြို့နှင့်တစ်မြို့ လေယူလေသိမ်း၊ အသုံးအနှုန်းစသည်တို့တွင် ကွဲပြားခြားနားတတ်ကြပြန်သည်။ ယင်းသို့ နိုင်ငံတစ်နိုင်ငံအတွင်း ရှိ လူမျိုးနွယ်အလိုက
သံဃာ့အဖွဲ့အစည်း၏ ပဝါရဏာ
သီတင်းကျွတ်လသည် ရဟန်း၊ သာမဏေတို့ ဝါတွင်းသုံးလပတ်လုံး အရပ်တစ်ပါးသို့ မသွားဘဲ သီတင်းသုံးနေထိုင်ကြရာမှ ကျွတ်လွတ် သွားလာခွင့်ရသော လဖြစ်သည်။ ‘‘မီးမြင်းမိုရ်နှင့်၊ ဝါဆို ကင်းလွတ်၊ သီတင်းကျွတ်မို့၊ ဘုံထွတ်ကယ်ဥကင်၊ ဖွင့်စံပယ် ရွှင်သောခါ၊ တိုင်းခွင်ကြီးအောင်ချာမှာ၊ ဆီမီးဝါ ထိန်ထိန်ဝင်းလို့၊ လင်းလှတယ်လေး”ဟူ၍ မဟာအတုလမင်းကြီးက ဖွဲ့ဆိုခဲ့သည် နှင့်အညီ လူတို့နေထိုင်ရာ ရပ်ရွာတို့တွင်မူ မီးမြင်းမိုရ်ပွဲ သို့မဟုတ် မီးထွန်းပွဲကျင်းပကာ မြတ်စွာဘုရားကို ပူဇော်သည့်လ ဖြစ်သည်။
တိုက်ခိုက်ဖျက်ဆီးမှုနှင့် အကြမ်းဖက်ဖမ်းဆီးမှု ပြင်းထန်စွာကန့်ကွက်ရှုတ်ချ
နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို မျှော်လင့် နေကြသော ပြည်သူများအဖို့ အောက်တိုဘာ ၂၇ ရက် နံနက်ပိုင်း တွင် လူမှုကွန်ရက်စာမျက်နှာများ၌ တွေ့မြင်ရသည့် တိုက်ခိုက်မှု၊ ဖျက်ဆီးမှုပုံရိပ်များနှင့် သတင်းများမှာ ဝမ်းနည်းဖွယ်၊ စိတ် မချမ်းမြေ့ဖွယ်ပင်ဖြစ်သည်။ ထို့အပြင် လက်နက်ကိုင်ဆောင်ထား သူများမဟုတ်သည့် အရပ်သားအပြစ်မဲ့ပြည်သူများကို ဓားစာခံ အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားမှုမှာလည်း စိုးရိမ်ပူပန်စရာ ဖြစ်သည်။
ဆင်ခြင်တုံတရားဖြင့် သတိထား အမှန်နှင့်အမှား ဝေဖန်ပိုင်းခြား
နှစ်စဉ် အောက်တိုဘာလ၏ စတုတ္ထပတ်သည် ကမ္ဘာလုံးဆိုင်ရာ မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှု ရက်သတ္တပတ် ဖြစ်သည်ဟု ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) က သတ်မှတ်ထားသည်။ ၁၇ ရာစုတွင် ပေါ်ပေါက်လာ ခဲ့သော သတင်းစာများမှသည် ရေဒီယို၊ ရုပ်မြင်သံကြား အစရှိ သော အများပြည်သူထံ သတင်းအချက်အလက်ဖြန့်ချိပေးသည့် နည်းလမ်းများသည်လည်း မီဒီယာများပင်ဖြစ်သည့်တိုင် အင်တာနက်ခေတ်သို့ရောက်မှ မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှု (Media and Information Literacy) က ကမ္ဘာနှင့် ချီ၍ ကျယ်ပြန့်လာခဲ့ခြင်းဖြစ်သည်။
ပြောင်းလဲလာသည့်ရာသီဥတုနှင့် လိုက်လျောညီထွေသည့် စိုက်နည်းစနစ်ကျင့်သုံး
ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုက စိုက်ပျိုးရေးလုပ်ငန်းများ အပေါ်တွင် အကျိုးသက်ရောက်မှုများစွာ ဖြစ်ပေါ်စေသည်။ စိုက်ပျိုး သီးနှံများ အောင်မြင်ဖြစ်ထွန်းရေးအတွက် လိုအပ်သော သွင်းအားစု များ၊ လုံ့လဝီရိယနှင့် လုပ်အားများ စသည်တို့ ပြည့်စုံလုံလောက် စွာ မည်မျှစိုက်ထုတ်လုပ်ကိုင်စေကာမူ ရာသီဥတုဖောက်ပြန်လိုက် သည်နှင့် ကြိုးပမ်းလုပ်ကိုင်ခဲ့သမျှတို့ အရာမထင်သည့်အဖြစ် များကို တောင်သူလယ်သမားတို့ ကြုံတွေ့လာကြရပြီဖြစ်ရာ ပြောင်းလဲလာသည့် ရာသီဥတုနှင့် လိုက်လျောညီထွေသည့် စိုက်ပျိုးနည်းစနစ်များကို ကျင့်သုံးရန် လိုအပ်လျက်ရှိပြီဖြစ်သည်။