အရည်အသွေးကောင်းပြီး ဘေးကင်းသည့် စားနပ်ရိက္ခာများ စိုက်ပျိုးထုတ်လုပ်
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးအခြေပြု စီးပွားရေးအဓိကနိုင်ငံ တစ်နိုင်ငံဖြစ်ပြီး စပါး၊ ပဲ၊ ပြောင်းတို့သာမက အခြားသော သီးနှံ၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ အမျိုးအမည်များစွာ စိုက်ပျိုးထုတ်လုပ်နိုင်သည့် နိုင်ငံဖြစ်သည်။ သို့ရာတွင် လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် မိရိုးဖလာနှင့် တစ်နိုင်တစ်ပိုင် စိုက်ပျိုးထုတ်လုပ်သူများက အများစုဖြစ်ပြီး ရင်းနှီးမြှုပ်နှံ ဝင်ရောက်လုပ်ကိုင်မှု နည်းပါးသည့်အတွက် နည်းပညာအရ၊ ထုတ်လုပ်နိုင်မှုပမာဏနှင့် အရည်အသွေးအရ၊ ဈေးကွက်အရ အိမ်နီးချင်းနိုင်ငံများကို ယှဉ်ပြိုင်နိုင်စွမ်း နိမ့်ကျလျက်ရှိသည်။