မြန်မာ့အလင်းအယ်ဒီတာအာဘော်
သမိုင်းကောင်းကို ဖန်တီးနိုင်မည့် အခွင့်အရေးကောင်းကို အရယူ
ယနေ့သည် ခရစ်နှစ် ၂၀၂၃ ခုနှစ် အစပြုသည့် နှစ်သစ်၏ ပထမဆုံးနေ့ဖြစ်သည်။ ၂၀၂၂ ခုနှစ်သည် ယမန်နေ့တွင် ကျန်ရစ်ခဲ့ပြီဖြစ်သည်။ ဖြစ်ပြီး၊ ဖြစ်ဆဲ၊ ဖြစ်လတ္တံ့သော အချိန် ကာလ ယန္တရားကြီးကို ပိုင်းခြားစိတ်ဖြာ၍ ယနေ့၊ ယမန်နေ့၊ နှစ်သစ်၊ နှစ်ဟောင်း စသည်ဖြင့် ဆိုကြစေကာမူ အချိန်ကာလ သည် တစ်ဆက်တစ်စပ်တည်းသာ ဖြစ်သည်။ ယမန်နေ့က ကျန်ရစ်ခဲ့သည့် ပြုဖွယ်ကိစ္စတို့ကို ယနေ့ဆက်လက်ဆောင်ရွက် ရဦးမည်။ အတိတ်ကာလ၏ ဆိုးမွေကောင်းမွေတို့ကို ပစ္စုပ္ပန် တွင် ခံယူ၍ အနာဂတ်ကို ကောင်းမွန်အောင် တည်ဆောက် ကြရဦးမည်။
နိုင်ငံသားတို့အတွက် အခွင့်အရေး
မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီးနောက် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေဖြင့် ၁၉၄၈ ခုနှစ် ဒီဇင်ဘာ ၁၀ ရက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းအတည်ပြုထုတ်ပြန်နိုင်ရေးအတွက် မဲခွဲ ဆုံးဖြတ်ရာတွင် ထောက်ခံမဲပေးခဲ့သည့် နိုင်ငံဖြစ်သည်။ လူ့အခွင့်အရေးသည် လူသားအားလုံးနှင့် သက်ဆိုင်သည့် အခြေခံစံနှုန်းများဖြစ်ပြီး မိမိတို့၏ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို ကျင့်သုံးရာတွင် သူတစ်ပါး၏ ဂုဏ်သိက္ခာ နှင့် အခွင့်အရေးတို့ကိုလည်း အသိအမှတ်ပြု လေးစားတန်ဖိုး ထားခြင်း၊ တန်းတူရည်တူရှိစေခြင်းတို့လည်း လိုအပ်သည်။
ပြည်တွင်းအားသည် နိုင်ငံ့အင်အား
၁၉ ရာစု အနောက်ကမ္ဘာတွင် အရင်းရှင်နယ်ချဲ့ဝါဒ အမြစ် တွယ်ကြီးထွားလာခြင်းနှင့်အတူ လောဘဇောတက်နေသည့် အရင်းရှင်နိုင်ငံများက ကမ္ဘာတစ်လွှားတွင် အပြိုင်အဆိုင် နယ်ချဲ့ခဲ့ကြသည်။ မြန်မာနိုင်ငံကိုလည်း စီးပွားရေး၊ စစ်ရေး အင်အားကြီးနိုင်ငံဖြစ်သည့် အင်္ဂလန်နိုင်ငံက ၁၈၂၄ ခုနှစ် မှ ၁၈၈၅ ခုနှစ်အထိ နှစ်ပေါင်း ၆၀ ကျော် ကာလအတွင်း ကျူးကျော်စစ် သုံးကြိမ်ဆင်နွှဲကာ တစ်ပိုင်းပြီးတစ်ပိုင်း သိမ်းယူသွားခဲ့ခြင်းဖြစ်သည်။
အကြမ်းဖက်မှုများကို ဆန့်ကျင် အပြစ်မဲ့ပြည်သူများကို ကာကွယ်
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ မဲမသမာမှုဖြစ်စဉ် များနှင့် နောက်ဆက်တွဲ နိုင်ငံရေးအပြောင်းအလဲများနှင့် အတူ လူသတ်အကြမ်းဖက်ဝါဒလည်း ပေါ်ပေါက်လာသည်။ စင်စစ်အကြမ်းဖက်ဝါဒသည် ဆန္ဒပြတောင်းဆိုမှုများဖြင့် စတင်သည့် အစောပိုင်းကာလမှာပင် စတင်သန္ဓေတည်ခဲ့ပြီး နောက်ပိုင်းတွင် တစ်ဆင့်ထက်တစ်ဆင့် ရင့်သည်ထက် ရင့်လာခဲ့ရခြင်းပင်ဖြစ်သည်။
ရေရှည်စီမံဆောင်ရွက်သွားရမည့် အမျိုးသားအားကစားအဆင့်မြင့်မားရေး
အားကစားသည် လူတစ်ဦးချင်းစီအတွက် ကိုယ်ခန္ဓာအရ ရော စိတ်ဓာတ်ပိုင်းဆိုင်ရာအရပါ ကျန်းမာကြံ့ခိုင်စေသကဲ့သို့ နိုင်ငံ တစ်နိုင်ငံအနေဖြင့်ဆိုလျှင်လည်း အားကစား အောင်မြင်မှုက နိုင်ငံ၏ ဂုဏ်သိက္ခာကို မြင့်မားစေသည်။ နိုင်ငံကို ကိုယ်စားပြု ယှဉ်ပြိုင်ရသည့် အားကစားပြိုင်ပွဲ များတွင် ယှဉ်ပြိုင်သူ အားကစားသမားနှင့်တကွ ကြည့်ရှု အားပေးသည့် နိုင်ငံသူ နိုင်ငံသားအားလုံးတို့တွင် နိုင်ငံ ချစ်စိတ်၊ မျိုးချစ်စိတ်နှင့် အမျိုးသားရေး စရိုက်လက္ခဏာများ နိုးကြားတက်ကြွလာစေသည်ကို မကြာသေးမီက ပြီးစီး ခဲ့သည့် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲများ၌ မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ကြပြီး ဖြစ်သည်။
ငြိမ်းချမ်းခြင်းနှင့် ကောင်းချီးမင်္ဂလာ ပြည့်စုံပါစေသော်
ယနေ့ ဒီဇင်ဘာလ ၂၅ ရက်နေ့သည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်း၌ ရှိကြသည့် ခရစ်ယာန်ဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာ ခရစ္စမတ်နေ့ဖြစ်သည်။ ခရစ္စမတ် အခါသမယသည် ကမ္ဘာမြေပေါ်တွင် ငြိမ်းချမ်းခြင်းနှင့် လူသား တို့အပေါ် ကောင်းချီးမင်္ဂလာကျရောက်စေခြင်း သတင်းစကား နှင့်အတူ မင်္ဂလာတရားနှင့် ပြည့်စုံစွာ အေးမြသာယာသည့် ချိန်ခါလည်းဖြစ်သည်။
ပြည်တွင်းဈေးကွက်၊ ပြည်တွင်းထုတ်ကုန်
ပြီးခဲ့သည့် ဒီမိုကရေစီအစိုးရနှစ်ရပ် သက်တမ်းများအတွင်း ပြည်တွင်းစီးပွားရေးလုပ်ငန်းများနှင့် ပြည်တွင်းကုန်ထုတ်လုပ် ခြင်းများကို အားပေးခြင်းများ မရှိခဲ့ခြင်းကြောင့် ကုန်သွယ်မှု လိုငွေများ ဖြစ်ပေါ်ခဲ့သလို ၂၀၁၈/၂၀၁၉ ခုနှစ်ခန့်မှ စတင်၍ စီးပွားရေးကျဆင်းမှု ဖြစ်ပေါ်လာခဲ့ကြောင်း တွေ့ရှိရသည်။ ၎င်းနောက်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပေါ်မှုနှင့် နိုင်ငံရေး ဆူပူမှုများကြောင့် နိုင်ငံ၏စီးပွားရေးကျဆင်းမှုလည်း ဖြစ်ပေါ် ခဲ့သည်။
ပြည်သူလူထု၏ စွမ်းပကားဖြင့် စည်းလုံးညီညွတ်မှု တည်ဆောက်
မျက်မှောက်ကာလကမ္ဘာ့အစီအစဉ် (World Order) ၏ အစမှာ ဒုတိယကမ္ဘာစစ်ဖြစ်သည်။ မဟာမိတ်နိုင်ငံများနှင့် ဝင်ရိုးတန်းနိုင်ငံများအကြား ကမ္ဘာ့ဒေသအသီးသီးတို့တွင် ဖြစ်ပွားခဲ့သည့် ဒုတိယကမ္ဘာစစ်ကြီးသည် ထိုစဉ်က နယ်ချဲ့ နိုင်ငံကြီးများ၏ လက်အောက်တွင် ကျရောက်နေခဲ့သည့် အိန္ဒိယ၊ မြန်မာတို့အပါအဝင် ကိုလိုနီနိုင်ငံများ၏ အမြင်အရ နယ်ချဲ့သမားအချင်းချင်း စားကျက်လုကြခြင်းသာဖြစ် သည်။ သို့ရာတွင် အတ္တလန္တိတ်ချာတာ ထွက်ပေါ်လာသည့် အခါ ကိုလိုနီလက်အောက်ခံနိုင်ငံများကို လွတ်လပ်ရေး ပေးရန် ပါရှိခဲ့သည့်အလျောက် မဟာမိတ်နိုင်ငံများကို ထိုစဉ်က ကျွန်နိုင်ငံဘဝ ကျရောက်နေခဲ့ရသည့် နိုင်ငံများက ထောက်ခံခဲ့ကြသည်။
နိုင်ငံအတွက် အရေးပါသည့် ရထားသယ်ယူပို့ဆောင်ရေးကဏ္ဍ
သက်တမ်း ၁၄၅ နှစ်ကျော်ပြီဖြစ်သည့် မြန်မာ့မီးရထားသည် အရှေ့တောင်အာရှနိုင်ငံများတွင် သက်တမ်းအရင့်ဆုံး ရထားပို့ဆောင်ရေးလုပ်ငန်းတစ်ခုဖြစ်သည်။ ရထားသယ်ယူပို့ဆောင် ရေးစနစ်သည် လူနှင့် ကုန်စည်ပမာဏအမြောက်အမြားကို အချိန်တိုတို၊ ကုန်ကျစရိတ်သက်သက်သာသာဖြင့် တစ်ပြိုင် တည်း သယ်ယူပို့ဆောင်ပေးနိုင်သည့် စနစ်တစ်ခုဖြစ်ရာ နိုင်ငံ နှင့် ပြည်သူအတွက်လည်း လွန်စွာအကျိုးဖြစ်ထွန်းစေသည်။