အလေးအနက်ထား စစ်ဆေးကြပ်မတ်သွားရမည့် တရားမဝင် လူဝင်လူထွက်ပြဿနာ
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းမှ ဘင်္ဂါလီလူမျိုးများအား မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန်အတွက် တရားမဝင် သယ်ယူပို့ဆောင်ပေးသူများကို ဖော်ထုတ်ဖမ်းဆီးခဲ့သည့် သတင်းက မိမိတို့နိုင်ငံအတွင်း တရားမဝင် လူဝင်လူထွက် ပြဿနာများကို လုံခြုံရေးအမြင်၊ နိုင်ငံရေးအမြင်များဖြင့် ပိုမို ၍ အလေးအနက်ထား စစ်ဆေးကြပ်မတ်ဆောင်ရွက်သွားရန် လိုအပ်နေကြောင်း ပြသလျက်ရှိသည်။ အထူးသဖြင့် နိုင်ငံ၏ အနောက်တံခါးဟုဆိုသည့် နယ်စပ်ဒေသသည် လူဝင်မှု ပြဿနာ အကြီးမားဆုံးနေရာဖြစ်နေပြီး ယင်းမှစသည့် ပြဿနာကြောင့် နိုင်ငံနှင့်ချီ၍ ရှင်းလင်းနေရဆဲလည်းဖြစ်သည်။