ရိုးရာယဉ်ကျေးမှု အနုသုခုမပညာရပ်များ မျိုးဆက်သစ်များသို့ စဉ်ဆက်မပြတ်လက်ဆင့်ကမ်း
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့မှ အနုပညာရှင် ၁၈၀၀ ကျော်တို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် (၂၃) ကြိမ်မြောက် မြန်မာ့ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးမှာ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီဖြစ်သည်။ နိုင်ငံတစ်ဝန်းမှ ရောက်ရှိ လာကြသည့် ပြိုင်ပွဲဝင်အနုပညာရှင် တိုင်းရင်းသား တိုင်းရင်းသူ ညီအစ်ကိုမောင်နှမများ ဤပြိုင်ပွဲကြီးတွင် ဆုံစည်းခဲ့ကြပြီး ပြိုင်ပွဲ ကာလတစ်လျှောက် တစ်ဦး၏ အနုပညာကို တစ်ဦးက လေ့လာ ခွင့်ရရှိခြင်း၊ တွေ့ဆုံရင်းနှီးခွင့် ရရှိခဲ့ခြင်းတို့ကလည်း ပြိုင်ပွဲမှရရှိ သည့် အကျိုးတစ်ရပ်ပင်ဖြစ်သည်။



