ဒေသအကျိုး၊ ပြည်သူလူထုအကျိုးအတွက် နိုင်ငံရေးလမ်းကြောင်းမှ ငြိမ်းချမ်းစွာ လျှောက်လှမ်း
ငြိမ်းချမ်းရေးသည် မိမိတို့နိုင်ငံအတွက် အဓိကအကျဆုံးလိုအပ် ချက်ဖြစ်သကဲ့သို့ ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး၏ လိုလားချက်လည်းဖြစ်သည်။ မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ငြိမ်းချမ်းပြီ၊ စည်းလုံးညီညွတ်မှုရရှိပြီဟု ဆိုနိုင်သည်နှင့် မကြာမြင့်သောကာလအတွင်း အိမ်နီးချင်းနိုင်ငံ များနှင့် ရင်ပေါင်တန်းကာ စုပေါင်းကြိုးပမ်းအားထုတ်ကြသည် နှင့်အမျှ ဖွံ့ဖြိုးတိုးတက်မှုမြင့်မား၍ ထိပ်တန်းသို့ရောက်ရှိသွား မည်မှာ သေချာသည်။