ပြည်တွင်းစီးပွား အားပေးကူညီ
နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အသေးစား၊ အလတ်စား နှင့် အငယ်စား (MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် အရေး ကြီးသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စက်တင်ဘာ ၂၈ ရက် နှင့် ၂၉ ရက်တို့တွင် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာ စက်မှုဇုန်နှင့် မန္တလေးစက်မှုဇုန်တို့သို့ သွားရောက်ကာ မိတ္ထီလာ ခရိုင်နှင့် မန္တလေးစက်မှုဇုန်အတွင်းရှိ အသေးစား၊ အလတ်စား နှင့် အငယ်စားစီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး လမ်းညွှန်မှာကြား တွေ့ဆုံ ဆွေးနွေးခဲ့သည်။



