မွေးမြူရေးလုပ်ငန်းများ စနစ်တကျလုပ်ကိုင် ဇီဝမြေဩဇာများ ထုတ်လုပ်ရန်ကြိုးပမ်း
လယ်ယာစိုက်ပျိုးရေးကဏ္ဍ သီးနှံအထွက်တိုးတက်ရေး အတွက် လိုအပ်သည့် သွင်းအားစုများတွင် မြေဩဇာကို လုံလုံလောက်လောက် ရရှိအသုံးပြုနိုင်ရေးက လွန်စွာအရေးပါ သည်။ မိမိတို့နိုင်ငံတွင် စိုက်ပျိုးသည့် သီးနှံအမယ်စုံအနက် စပါးသီးနှံက မြေဩဇာသုံးစွဲမှုပမာဏအများဆုံးဖြစ်သည်။ ယခုနှစ် စိုက်ပျိုးရာသီတွင် ဆေ ာင်းသီးနှံ ပဲတီစိမ်းဧက ငါးသိန်းနှင့် နွေစပါးဧက ရှစ်သိန်းခွဲတို့ စိုက်ပျိုးသွားမည်ဖြစ်ရာ အရေးကြီးသော သွင်းအားစုဖြစ်သည့် မြေဩဇာရရှိရန်လည်း လိုအပ်လာသည်။