မြန်မာ့အလင်းအယ်ဒီတာအာဘော်
ရိုးရာယဉ်ကျေးမှု အနုသုခုမပညာရပ်များ မျိုးဆက်သစ်များသို့ စဉ်ဆက်မပြတ်လက်ဆင့်ကမ်း
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့မှ အနုပညာရှင် ၁၈၀၀ ကျော်တို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် (၂၃) ကြိမ်မြောက် မြန်မာ့ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးမှာ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီဖြစ်သည်။ နိုင်ငံတစ်ဝန်းမှ ရောက်ရှိ လာကြသည့် ပြိုင်ပွဲဝင်အနုပညာရှင် တိုင်းရင်းသား တိုင်းရင်းသူ ညီအစ်ကိုမောင်နှမများ ဤပြိုင်ပွဲကြီးတွင် ဆုံစည်းခဲ့ကြပြီး ပြိုင်ပွဲ ကာလတစ်လျှောက် တစ်ဦး၏ အနုပညာကို တစ်ဦးက လေ့လာ ခွင့်ရရှိခြင်း၊ တွေ့ဆုံရင်းနှီးခွင့် ရရှိခဲ့ခြင်းတို့ကလည်း ပြိုင်ပွဲမှရရှိ သည့် အကျိုးတစ်ရပ်ပင်ဖြစ်သည်။
ဂုဏ်သိက္ခာမြင့်မားသည့် နိုင်ငံရေးနည်းလမ်းဆီ
အတိတ်ကာလက နယ်ချဲ့တို့၏ သွေးခွဲသပ်လျှိုအုပ်ချုပ်မှုနှင့် မျက်မှောက်ကာလတွင် မိမိတို့နိုင်ငံ၏ ပြည်တွင်းရေးကို ပြည်ပမှ ဝင်ရောက်စွက်ဖက်မှုတို့က ပြည်ထောင်စုဖွား သွေးချင်းတို့ကြားမှာ ကြီးစွာသော ရန်ဆူးရန်ငြောင့်တစ်ခုအဖြစ်နှင့် အနှောင့်အယှက်ပြု နေဆဲပင်ဖြစ်သည်။ ကိုလိုနီနယ်ချဲ့ဝါဒီလက်ဟောင်း လက်သစ်တို့ အစပျိုးခဲ့သည့် သံသယမျိုးစေ့မှသည် စည်းလုံးညီညွတ်မှုတို့ အက်ကြောင်းထင်ကာ လက်နက်ကိုင်ပဋိပက္ခများ၊ တည်ငြိမ် အေးချမ်းမှုကင်းမဲ့သည့် ဘဝများ၊ ဖွံ့ဖြိုးတိုးတက်မှု နည်းပါး ခေတ်နောက်ကျမှုများဖြင့် ဆယ်စုနှစ်များ တစ်ခုပြီးတစ်ခု ဖြတ်သန်းခဲ့ရသည်။
အကြမ်းဖက်မှုကို လိမ်ညာဖုံးကွယ် အကျင့်သိက္ခာကင်းမဲ့သည့် မီဒီယာများ
ကျိုက်ထီးရိုးဘုရား၊ ကင်မွန်းချောင်းတောင်တက်ကားဂိတ် ပစ်ခတ် မှု ဖြစ်စဉ်မှာ အကြမ်းဖက်သမားတို့၏ ရက်စက်ကြမ်းကြုတ်မှု၊ အသိဉာဏ်ကင်းမဲ့ မိုက်မဲမှုသက်သက်သာဖြစ်ကြောင်း ထင်ရှား ပေါ်လွင်ပြီးသားဖြစ်သည်။ အကြမ်းဖက်သမားများနှင့် ၎င်းတို့၏ အပေါင်းအဖော်မီဒီယာများက မည်သို့ပင် လိမ်လည်ဖုံးကွယ်ကြ စေကာမူ အခိုင်အမာ ကျန်ရစ်သည့် သက်သေများ၊ မှတ်တမ်းများ၊ အထောက်အထားများကို ငြင်းဆို၍မရ။
ကြိုတင်သတိပေးထုတ်ပြန်ချက် ဆောလျင်ဆောင်ရွက် အားလုံးအတွက်
၂၁ ရာစု ဦးပိုင်းမှ စတင်ကာ ကမ္ဘာတစ်ဝန်း၌ ရာသီဥတုပြောင်းလဲ မှုများ သိသိသာသာ များပြားလာခဲ့သည်။ ရာသီဥတုပြောင်းလဲ မှုမှ ထွက်ပေါ်လာသည့် အကျိုးဆက်များမှာလည်း ကောင်းကျိုး ထက် ဆိုးကျိုးကသာ အများစုဖြစ်ပြီး ကမ္ဘာ့နိုင်ငံ အတော်များများ ခံစားနေကြရခြင်းဖြစ်သည်။ မုန်တိုင်းတိုက်ခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်း၊ အပူလှိုင်းကျရောက်ခြင်း၊ ငလျင်လှုပ်ခြင်း စသော သဘာဝဘေးအန္တရာယ်များမှာ ဖြစ်ပေါ်သည့်အကြိမ်ရေ ပိုမို များပြားလာသလို ပိုမို၍လည်း ပြင်းထန်လာသည်။
နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုနှင့် ဒေသတစ်ခု ထုတ်ကုန်တစ်ခု
နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းစီးပွားရေး တိုးတက်အောင် ကြိုးပမ်းသည့်အနေဖြင့် သေး၊ ငယ်၊ လတ် စီးပွားရေးလုပ်ငန်းများနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို နိုင်ငံတော်က အားပေးလျက်ရှိသည်။ သေး၊ ငယ်၊ လတ် စီးပွားရေးလုပ်ငန်းများဟု ဆိုရာတွင် ပြည်တွင်းနှင့် ဒေသတွင်းမှ ထွက်သည့် ကုန်ကြမ်းများကို အခြေခံပြီး ကုန်ထုတ်လုပ်မှုများ ဆောင်ရွက်ရန်အတွက် အားပေးနေခြင်းဖြစ်သည်။
လူ့အခွင့်အရေးကိုဗန်းပြပြီး နိုင်ငံရေးစွက်ဖက်သည့်အပြုအမူ ပြတ်ပြတ်သားသားကန့်ကွက်ရှုတ်ချ
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ (၅၁) ကြိမ်မြောက်ပုံမှန် အစည်းအဝေးသို့ တင်သွင်းခဲ့သော မြန်မာနိုင်ငံနှင့် စပ်လျဉ်း၍ ချို့ယွင်းချက်များပါရှိနေသည့် အစီရင်ခံစာများ၊ တင်ပြချက်များ နှင့် နိုင်ငံအချို့၏ စွက်ဖက်ပြောကြားချက်များကို မြန်မာနိုင်ငံက ရှုတ်ချပြီး ပြတ်သားစွာ ကန့်ကွက်ပယ်ချလိုက်သည်။
ပညာရေးပြုပြင်ပြောင်းလဲမှု ဆရာများနှင့်အစပြု
ခေတ်မီဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံကို ဖိုးသုညများနှင့် တည်ဆောက် ၍မရ။ တန်ဖိုးမြင့်လူ့စွမ်းအား အရင်းအမြစ်များနှင့်သာလျှင် တည်ဆောက်၍ရသည်။ ဒီမိုကရေစီ နိုင်ငံတစ်နိုင်ငံအနေဖြင့်လည်း ပြည်သူလူထုပညာရေးနိမ့်ကျမှုနှင့် ဆင်းရဲနွမ်းပါးမှုတို့မှာ နိုင်ငံ အတွက် အန္တရာယ်ကိုဖြစ်စေနိုင်သည်။ မြန်မာနိုင်ငံ၏ လက်ရှိ ပညာရေးအခြေအနေမှာ ဆယ်စုနှစ်များနှင့်ချီ၍ ပြုပြင်ပြောင်းလဲ တည်ဆောက်သွားရမည်ဖြစ်ရာ ဆရာများ၏ ကဏ္ဍမှာ အဓိက အရေးပါသည်။