ပြည်သူအားလုံး ပါဝင်ရမည့် ပလတ်စတစ်သုံးစွဲမှု လျှော့ချရေး
ပလတ်စတစ်မသုံးစွဲရေး ပညာပေးမှုများနှင့်အတူ အပတ်စဉ် တနင်္ဂနွေနေ့ကို ပလတ်စတစ် မသုံးစွဲရနေ့အဖြစ် သတ်မှတ်၍ အနယ်နယ်အရပ်ရပ်တွင် နှိုးဆော်ကြပ်မတ်လျက်ရှိကြောင်း သတင်းများတွင် တွေ့ရှိရသည်။ ပေါပေါများများထုတ်လုပ်၊ ပေါပေါများများ သုံးစွဲပြီး အလွယ်တကူစွန့်ပစ်နေကြသော ပလတ် စတစ်က လူများ၊ သတ္တဝါများကိုရော သဘာဝပတ်ဝန်းကျင်ကိုပါ အန္တရာယ်များစွာ ကျရောက်စေသည့် အရာဖြစ်သည်ကို ပြည်သူ လူထုက ကျယ်ကျယ်ပြန့်ပြန့် နားလည်သဘောပေါက်ကြမှသာ ပလတ်စတစ်သုံးစွဲမှု လျှော့ချရေးမှသည် လုံးဝမသုံးစွဲတော့သည် အထိ ပြည်သူလူထု ပူးပေါင်းဆောင်ရွက်မှုဖြင့် အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။