အကြမ်းဖက်ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှုကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချ
CRPH, NUG, PDF အမည်ခံ အကြမ်းဖက်အဖွဲ့အစည်းများက တစ်နိုင်ငံလုံးတွင် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပေါ်စေရန် လှုံ့ဆော်ခဲ့ချိန်မှစ၍ စစ်ဘက်နှင့်မဆိုင်သော လမ်း၊ တံတား၊ ဆေးရုံ၊ ဆေးခန်းများ၊ စာသင်ကျောင်းနှင့် ပညာရေးအဆောက် အအုံများ ဖျက်ဆီးခံခဲ့ရသလို ရဟန်း၊ သံဃာတော်၊ သီလရှင်များ၊ အစိုးရဝန်ထမ်းများနှင့် အရပ်သားများပါ လုပ်ကြံသတ်ဖြတ်ခံ ခဲ့ကြရသည်။