လိုအပ်နေချိန်တွင် လှူဒါန်းနိုင်ခဲ့သည့် ဝမ်းမြောက်သာဓုခေါ်ဖွယ်အလှူ
မကြုံစဖူး စီးပွားရေး အကျပ်အတည်းနှင့် ရင်ဆိုင်နေရခြင်းကြောင့် နိုင်ငံသူ နိုင်ငံသားပြည်သူ ၂၂ သန်းခန့်အတွက် စားနပ်ရိက္ခာ၊ စက်သုံးဆီနှင့် ဆေးဝါးစသည်တို့ နိုင်ငံခြားမှ တင်သွင်းရန် အခက် အခဲဖြစ်ပေါ်နေသည့် သီရိလင်္ကာနိုင်ငံအတွက် မြန်မာနိုင်ငံက ဆန်တန်ချိန် ၁၀၀၀ လှူဒါန်းခြင်းဖြင့် စာနာမှုကို ပြသလိုက်သည်။ ဆင်ဟွာသတင်းဌာန၏ သတင်းတစ်ရပ်တွင် သီရိလင်္ကာနိုင်ငံ၌ စားနပ်ရိက္ခာ ပြတ်လပ်မှုဖြစ်ပေါ်နေပြီး ပြည်သူတစ်သန်းခွဲအတွက် အရေးပေါ်စားနပ်ရိက္ခာ အကူအညီများ လိုအပ်လျက်ရှိသည်ဟု ကုလသမဂ္ဂစားနပ်ရိက္ခာ အစီအစဉ်က ပြောကြားကြောင်း ဖော်ပြ ထားသည်။