ကလောင်စွမ်းအားဖြင့် နိုင်ငံသားကောင်းများ ပျိုးထောင်
နိုင်ငံတစ်နိုင်ငံ ကောင်းရန်အတွက် နိုင်ငံသားကောင်းများ လိုအပ် သည်။ နိုင်ငံသားတို့ စိတ်ဓာတ်မြင့်မား၊ အရည်အချင်းမြင့်မားမှသာ နိုင်ငံကိုလည်း မြင့်မြင့်မားမား တည်ဆောက်နိုင်မည်။ ဒီမိုကရေစီ စနစ် ကျင့်သုံးသည့်နိုင်ငံတွင် နိုင်ငံသားပြည်သူများ၏ ကဏ္ဍမှာ ပိုမို ကြီးမားကျယ်ပြန့်သည့်အလျောက် နိုင်ငံသားတစ်ဦးချင်းစီတွင် အရည်အသွေးပြည့်ဝနေကြရမည်ဖြစ်သည်။