ပညာသင်ကြားမှုအခွင့်အလမ်းများ အကြမ်းဖက်မှုကြောင့် မဆုံးရှုံးစေရာ
ယနေ့လူငယ်များ ပညာရည်မြင့်မားမှ အနာဂတ်မှာ နိုင်ငံတော်လည်း မြင့်မားမည်။ မိမိတို့နိုင်ငံကဲ့သို့သော ဖွံ့ဖြိုးမှုနည်းပါးသည့် နိုင်ငံ တစ်နိုင်ငံအဖို့ လူ့စွမ်းအားအရင်းအမြစ်က ပိုလို့ပင်အရေးကြီး သည်။ ပညာရှာရာတွင် အသက်အရွယ်နှင့် အချိန်အခါက အကန့် အသတ်ရှိသည်။ ဘဝတစ်သက်တာပညာရှာ (Lifelong Learning) ဟု ဆိုရာတွင် ငယ်ရွယ်စဉ်က အခြေခံပညာများ သင်ကြားတတ်မြောက် ထားရန် လိုအပ်သည်။