မြန်မာ့အလင်းအယ်ဒီတာအာဘော်
ထူးကဲလွန်မြတ်သည့် အလှူဒါန
လတကာတို့တွင် တန်ဆောင်မုန်းလသည် မွေ့လျော်ဖွယ်ကောင်း သော လဖြစ်သည်ဟု ရှေးစာဆိုတို့က ဆိုသည်။ ၁၂ လရာသီပွဲများ အနက် တန်ဆောင်မုန်းလ၏ ထင်ရှားသည့်ပွဲမှာ ကထိန်ပွဲပင် ဖြစ်ပြီး နိုင်ငံအတွင်း ဒေသအသီးသီးတို့တွင် ခြိမ့်ခြိမ့်သဲသဲကျင်းပ သည့် ဘာသာရေးဆိုင်ရာပွဲဖြစ်သည်။ ကထိန်ပွဲကျင်းပခြင်း၏ မူလအစသည် ဗုဒ္ဓမြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်ကာလ ဓူတင်ဆောင်သော ပါဝေယျက တိုင်းသားရဟန်းတော်သုံးကျိပ် တို့၏ ဆင်းရဲပင်ပန်းမှုကို တွေ့မြင်တော်မူပြီးနောက် ကထိန်ခင်း ရန် ခွင့်ပြုတော်မူခဲ့ခြင်းဖြစ်သည်။
ကိုဗစ်-၁၉ ကပ်ရောဂါလှိုင်း ထပ်မံရိုက်ခတ်မှု မဖြစ်ရလေအောင်
တိုင်းဒေသကြီးနှင့် ပြည်နယ်ခုနစ်ခုတို့တွင်ရှိသည့် မြို့နယ်ပေါင်း ၁၇ မြို့နယ်တွင် လွန်ခဲ့သည့် ၁၄ ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာများ လျော့နည်းလာသည့်အတွက် မိမိနေအိမ်တွင် နေထိုင်ရန် (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ခြင်းမှ ပယ်ဖျက်ပေးလိုက်သည်။ ယခုရက်ပိုင်းအတွင်း ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာအသစ်တွေ့ရှိမှု ရာခိုင်နှုန်းမှာလည်း ၄ ရာခိုင်နှုန်းနှင့် ၃ ရာခိုင်နှုန်းဝန်းကျင်သို့ ရောက်ရှိလာသည်။ တစ်နိုင်ငံ လုံးအတိုင်းအတာတွင် ၅ ရာခိုင်နှုန်းအောက်သို့ ကျဆင်းလာနေ သော်လည်း အချို့ဒေသများတွင် မကျဆင်းသေးကြောင်း သတင်းများ ကြားသိရသည်။
မိမိနိုင်ငံနှင့် သင့်လျော်သည့် ရွေးကောက်ပွဲစနစ် ကျင့်သုံးရေး
မြန်မာနိုင်ငံနှင့် သင့်လျော်ကိုက်ညီသည့် ရွေးကောက်ပွဲစနစ် ပြောင်းလဲကျင့်သုံးရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ် လျက်ရှိသည်။ ကမ္ဘာ့နိုင်ငံများတွင် ကျင့်သုံးလျက်ရှိသော ရွေးကောက်ပွဲစနစ်များတွင် မဲများသူ အနိုင်ရသည့်စနစ် (First Past the Post-FPTP)၊ အချိုးကျ ကိုယ်စားပြုစနစ် (Proportional Representation-PR)၊ တစ်စိတ်တစ်ပိုင်းအချိုးကျစနစ် (Semi-Proportional System) တို့ရှိသည့်အနက် အချိုးကျကိုယ်စားပြု စနစ် (PR) ကို အဓိကထား၍ ဆွေးနွေးနေခြင်း ဖြစ်သည်။
ဖွံ့ဖြိုးတိုးတက်မှုဆောင်ကြဉ်းပေးမည့် နည်းပညာ အတတ်ပညာ ဖြန့်ဝေမှုများ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက နည်းပညာအခမဲ့သင်တန်းများ မကြာမီဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။ တစ်ချိန်က အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ပြောင်းလဲ လာခဲ့သော အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနသည် အသေးစားစက်မှုလက်မှုလုပ်ငန်းများအား မှတ်ပုံတင်ခွင့်ပြုပေး ခြင်းနှင့် ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ပေးခြင်း၊ စက်မှု ထုတ်ကုန်သမဝါယမအသင်းများနှင့် အသေးစားစက်မှုလက်မှု လုပ်ငန်းများအား နည်းပညာပေးခြင်း၊ ရက်ကန်းကျောင်းများနှင့် ယွန်းပညာကောလိပ်တို့ကို ကြီးကြပ်ကွပ်ကဲခြင်းတို့ ဆောင်ရွက် နေသည့်ဌာနတစ်ခု ဖြစ်သည်။