မြန်မာ့အလင်းအယ်ဒီတာအာဘော်

စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ဖော်ဆောင်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အာမခံထားသည်။ လက်ရှိဖြတ်သန်းနေကြရ သည့် အရေးပေါ်ကာလ ဆောင်ရွက်ရမည့်တာဝန်များ ပြီးဆုံးသည့် အခါတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ကျင်းပသွား မည်ဟုလည်း ရှင်းလင်းစွာ ထုတ်ပြန်ကြေညာအသိပေးထားပြီးဖြစ် သည်။ ဤသည်မှာ အိမ်စောင့်အစိုးရအဖွဲ့သည်  နိုင်ငံ၏ အာဏာကို ကာလကြာရှည်စွာ ရယူထားမည်မဟုတ်ကြောင်း အသိပေးထားခြင်း လည်း ဖြစ်သည်။ 

ကိုဗစ်-၁၉ ရောဂါ ခံစားရပြီးနောက် ရေရှည်ကျန်းမာရေးပြန်လည်ထူ‌ထောင်ရေး

ကိုဗစ်-၁၉ ရောဂါ၏ လှည့်စားတတ်သည့်မာယာကို ကပ်ရောဂါ ကူးစက်မှု ပထမလှိုင်းကာလကတည်းက သုတေသီတို့ တွေ့ရှိ၍ သတိပေးခဲ့ကြသည်။ ယခင်က မဖြစ်ခဲ့ဖူးသည့် ကပ်ရောဂါအသစ် ဖြစ်ခြင်းကြောင့် ရောဂါ၏ အကြောင်းကို ပြည့်စုံစွာ သိရှိနားလည် နိုင်ရန် လေ့လာရင်းကပင် ရောဂါပိုးက မျိုးဗီဇအသစ်ပြောင်းကာ နောက်ထပ် အချက်အလက်အသစ်များကိုပါ ထပ်မံလေ့လာနေကြ ရသည်။ ရောဂါအပေါ် လူသားတို့က လေ့လာနေဆဲမှာပင် ကူးစက် ပျံ့နှံ့မှုများကလည်း ကမ္ဘာ့နိုင်ငံအသီးသီးတို့မှာ ဆက်လက်ဖြစ်ပေါ် နေဆဲဖြစ်သည်။

အသိ၊ သတိတို့ မြဲမြံစေ

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဦးစားပေးအစီအစဉ်များအလိုက် အုပ်စုများ သတ်မှတ်၍ ထိုးနှံပေးလျက်ရှိသည်။ ယင်းသို့ ထိုးနှံပေးနိုင်ရန်အတွက် လည်း ကာကွယ်ဆေးများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များဆီသို့ မြေပြင်ခရီးလမ်းကြောင်းမှလည်းကောင်း၊ ဝေးလံခက်ခဲသည့် ဒေသ များဆီသို့ တပ်မတော်(လေ)နှင့် မြန်မာ့လေကြောင်းတို့မှ လေယာဉ် များဖြင့်လည်းကောင်း အချိန်မီပို့ဆောင်ဖြန့်ဖြူးပေးခဲ့သည်။ ထို့အပြင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆေးနှင့်ဆေးဘက် ဆိုင်ရာ ပစ္စည်းများ ပြည်ပမှ တင်သွင်းရေး၊ လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်များမှ စစ်ဆေးထုတ်ပေးမှုများ လွယ်ကူချောမွေ့စေရေး တို

ကြီးမြတ်သည့် နိုင်ငံတော်ကို တည်ဆောက်မည့် နိုင်ငံသားကောင်း

နိုင်ငံရေးအစွန်းရောက်မှုများက    နိုင်ငံကို  မည်မျှပျက်စီးစေနိုင် ကြောင်းကို ပစ္စုပ္ပန်ကာလ မိမိတို့ဖြတ်သန်းနေကြရသည့် သမိုင်းဝင် ဖြစ်ရပ်များတွင် တွေ့မြင်နိုင်သည်။ မိမိတို့နိုင်ငံသည် ဒီမိုကရေစီ သက်တမ်းနုသေးသည့် နိုင်ငံတစ်နိုင်ငံသာဖြစ်သည်။ နိုင်ငံဟူသည့် အနက်အဓိပ္ပာယ်တွင်   နိုင်ငံသားမပါဘဲမပြည့်စုံ။  ဒီမိုကရေစီနိုင်ငံ တစ်နိုင်ငံအဖို့ ဉာဏ်အမြော်အမြင်ရှိသော၊ မိမိကိုယ်ကိုယ် ထိန်းသိမ်း စောင့်စည်းတတ်သော၊ စည်းကမ်းဥပဒေကို ရိုသေလေးစားလိုက်နာ တတ်သော၊ အညီအညွတ် ပူးပေါင်းဆောင်ရွက်တတ်သော၊ နိုးကြွ ထကြွလုံ့လနှင့် ပြည့်စုံသော နိုင်ငံသားများ အင်ပြည့်အားပြည့်ရှိနေဖို့ လိုအပ်သည်။

နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး လိုအပ်ချက်

မိမိတို့နိုင်ငံသည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီ စနစ်ကို   ကျင့်သုံးသည့်  နိုင်ငံဖြစ်သည်။  ၁၉၄၈  ခုနှစ်တွင်  နိုင်ငံ လွတ်လပ်ရေးရရှိခဲ့ပြီးနောက် ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေအရ ပါလီမန်ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ကျင့်သုံးခဲ့သည်။ လွတ်လပ်ရေးအရယူရန်အတွက် နယ်ချဲ့အစိုးရလက်အောက်တွင် အလျင်အမြန်ရေးဆွဲခဲ့ရသည့် အခြေခံဥပဒေတွင် အားနည်းချက်များ ပါရှိခဲ့သလို ပါလီမန်ဒီမိုကရေစီစနစ်သည်လည်း အကွဲအပြဲများစွာဖြင့် ဇာတ်သိမ်းခဲ့ရသည်။   ၁၉၇၄   ခုနှစ်    ဖွဲ့စည်းပုံအခြေခံဥပဒေမှာမူ တစ်ပါတီပုံစံ ဆိုရှယ်လစ်ဒီမိုကရေစီစနစ်ဖြင့် နိုင်ငံကို တည်ထောင် ခြင်းဖြစ်သော်လည်း ကမ္ဘာ့အခြေအနေ၊ မြန်မာ့အခြေအ

မေတ္တာအခါတော်

ဝါခေါင်လပြည့်နေ့သည်    “မေတ္တာအခါတော်နေ့”    ဖြစ်သည်။ မြတ်စွာဘုရား   သက်တော်ထင်ရှားရှိစဉ် အခါတစ်ပါး၌  ငါးရာသော ရဟန်းတို့သည် ၎င်းတို့၏ စရိုက်အားလျော်စွာ ဘုရားရှင်ပေးတော် မူအပ်သော  ကမ္မဋ္ဌာန်းတို့ကို  အသီးသီးယူခဲ့ကြပြီး  ဟိမဝန္တာနှင့် တစ်စပ်တည်းသောအရပ်၌  သီတင်းသုံးကြ၏။ ထိုအခါ ရဟန်းတော် တို့၏ သီလတန်ခိုးအာနုဘော်ကြောင့် ရုက္ခစိုးနတ်တို့ မနေသာ၊ မထိုင် သာတော့သဖြင့် ညဉ့်အခါ ရဟန်းတော်တို့ တရားအားထုတ်နေစဉ် ကြောက်မက်ဖွယ်အာရုံအမျိုးမျိုး၊ အထူးထူးအထွေထွေပြုလုပ်ကာ ခြောက်လှန့်ကြ၏။ ထိုအခါ ရဟန်းတော်တို့မှာ စိတ်နှလုံး တုန်လှုပ်ကြ သဖြင့် ညှိုးနွမ်းကြုံလှီကာ သမာဓိကိုမရကြသဖြင့်  ဤအရပ်သည် ပတိရူပဒေသမဟုတ်ဟူ၍ တိုင်

Subscribe to မြန်မာ့အလင်းအယ်ဒီတာအာဘော်