ကပ်ရောဂါ တားဆီးကာကွယ်ထိန်းချုပ်ရေးနှင့် လူမှုကူညီရေးအဖွဲ့အစည်းများ၏ကဏ္ဍ
မိမိအတွက် အကျိုးအမြတ်တစ်စုံတစ်ရာ ရယူခြင်းမရှိဘဲ အများ အကျိုးဆောင်ရွက်သည့်လုပ်ငန်းများကို ပရဟိတလုပ်ငန်းများအဖြစ် သိရှိကြသည်။ အများအကျိုးဆောင်အလုပ်ကို တစ်ပိုင်တစ်နိုင်၊ အတိုင်းအတာကာလတစ်ရပ် လုပ်ကိုင်ကြသူများ၊ အဖွဲ့အစည်းတစ်ခု အဖြစ် စနစ်တကျဖွဲ့စည်းပြီး အများအကျိုးဆောင်လုပ်ငန်းတစ်ခုခုကို နှစ်ရှည်လများ တည်ထောင်လုပ်ကိုင်ကြသူများ မြန်မာနိုင်ငံ မြို့ရွာဒေသအနှံ့အပြားတွင် ရှိကြသည်။ ပရဟိတလုပ်ငန်း လုပ်ကိုင် သူတို့၏ ရည်ရွယ်ချက်များမှာ လူမှုဒုက္ခကျရောက်နေသူများအတွက် လိုအပ်သော ကူညီမှုများကို လုပ်ကိုင်ပေးကာ ဒုက္ခနှင့် သောက တို့ကို ပြေပျောက်စေရေးဖြစ်သည့်အတွက် ပရဟိတလုပ်ငန်းဟူသည်