မြန်မာ့အလင်းအယ်ဒီတာအာဘော်

ကပ်ရောဂါနှင့် လူကုန်ကူးပြဿနာ

လူကုန်ကူးမှုသည် လူအချင်းချင်း စာနာထောက်ထားမှုကင်းမဲ့စွာဖြင့် ခေါင်းပုံဖြတ်အမြတ်ထုတ်သည့် ရာဇဝတ်မှုဖြစ်သလို  လူ့အခွင့်အရေး ချိုးဖောက်မှုလည်းဖြစ်သည်။ မြန်မာနိုင်ငံတွင်   လူကုန်ကူးမှုကို ဖြစ်ပေါ်စေသည့် အဓိကအကြောင်းရင်းမှာ  စီးပွားရေးနိမ့်ကျမှု၊ သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်မှုနှင့် လက်နက်ကိုင်ပဋိပက္ခများ ကြောင့်ဖြစ်သည်။ ထို့ပြင် ပြည်ပနိုင်ငံများသို့  ရွှေ့ပြောင်းသွားလာ အလုပ်လုပ်ကိုင်ကြရာမှဖြစ်စေ၊ တရားမဝင်   နယ်စပ်ဖြတ်ကျော် သွားလာရာမှဖြစ်စေ လူကုန်ကူးခံကြရသည့်ဖြစ်စဉ်များလည်း ရှိခဲ့ သည်။

 

ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အနာဂတ်ဆီသို့

၂၀၂၀ ပြည့်နှစ်   ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲသည် လွတ်လပ်သော၊ သန့်ရှင်းသော၊ တရားမျှတသော ရွေးကောက်ပွဲတစ်ခု မဖြစ်ခဲ့။ အာဏာရအစိုးရနှင့် ပါတီတို့က ရွေးကောက်ပွဲကော်မရှင် အဖွဲ့များ  အဆင့်ဆင့်ဖွဲ့စည်းခြင်း၊ မဲစာရင်းကောက်ယူခြင်း၊ မဲဆွယ် စည်းရုံးခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီများ ဖွဲ့စည်းခြင်း၊ ကြိုတင်ဆန္ဒမဲပေးခြင်း၊ ရွေးကောက်ပွဲနေ့တွင် ဆန္ဒမဲ ပေးခြင်းစသည့် လုပ်ငန်းဆောင်ရွက်မှုအဆင့်ဆင့်တို့၌ အာဏာရပါတီ က အုပ်ချုပ်ရေးအာဏာကို အလွဲသုံးစားပြုကာ ဝင်ရောက်စွက်ဖက် မှု၊ မလျော်ဩဇာသုံး၍ မသမာမှုများ ပြုလုပ်ခဲ့ကြောင်းကို သက်သေ  သက္ကာယများနှင့်အတူ စစ်ဆေးတွေ့ရှိခဲ့ပြီးဖြစ်သည်။

အကောင်းဆုံးသော ကာကွယ်ဆေး

ကိုဗစ်-၁၉  ရောဂါ    ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်း မအောင်မြင်စေရေးအတွက် အဖျက်အမှောင့်သမားတို့က မဟုတ် မမှန်သတင်းများ လွှင့်ထုတ်၍ နှောင့်ယှက်ခဲ့ကြစေကာမူ မြို့နယ် အသီးသီး၊ ဒေသအနှံ့အပြားတို့တွင် အရှိန်အဟုန်မပျက်ဆောင်ရွက် လျက်ရှိကြသည်။ အသစ်ရောက်လာသည့် ကိုဗစ်ကာကွယ်ဆေး ကို ကမ္ဘာက အသိအမှတ်မပြုကြောင်း၊ ထိုးပါက အသက်အန္တရာယ် ရှိကြောင်းတို့ အပါအဝင် ကာကွယ်ဆေးထိုးနှံမှု မခံယူစေရေး အတွက် ပြည်သူလူထုကို လိမ်လည်လှည့်ဖြား သတင်းအမှားများ ပေးခဲ့သော်လည်း ပြည်သူက လက်မခံဘဲ ကပ်ရောဂါကာကွယ် ဆေးကို   ယုံယုံကြည်ကြည်ဖြင့်  ထိုးနှံမှု  ခံယူနေကြခြင်းပင် ဖြစ်သည်။

ဇီဝအကြမ်းဖက်သည့် အဖျက်အမှောင့်လုပ်ရပ်

ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်းသည် ပထမလှိုင်းနှင့် ဒုတိယ လှိုင်းတို့ထက်ပို၍ ပြင်းထန်သည်။ နေ့စဉ်ဓာတ်ခွဲအတည်ပြုလူနာ အရေအတွက်၊ ရောဂါပိုးတွေ့ရှိသူ ရာခိုင်နှုန်းနှင့် သေဆုံးသူဦးရေ တို့မှာ ယခင်လှိုင်းများထက် ပိုမိုမြင့်မားများပြားသည်။ ဤသည်မှာ မိမိတို့တစ်နိုင်ငံတည်းသာမဟုတ်ဘဲ အခြားနိုင်ငံများတွင်လည်း ထိုနည်းနှင်နှင်သာဖြစ်သည်။ မိမိတို့ နိုင်ငံထက် စီးပွားရေးအင်အား ကြီးသည့် နိုင်ငံ၊ ကျန်းမာရေးစောင့်ရှောက်မှု ပိုကောင်းသည့် နိုင်ငံ၊ နည်းပညာ ပိုမိုမြင့်မားသည့် နိုင်ငံများသည်ပင်လျှင် မျိုးဗီဇပြောင်း ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်းကို အလူးအလိမ့်ခံကြရသည်။

 

လူ့စွမ်းအားအရင်းအမြစ်မြှင့်တင်

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် လူ့စွမ်းအားအရင်းအမြစ်က လွန်စွာ  အရေးကြီးသည်။  သို့ဖြစ်သည့်အလျောက် ဖွံ့ဖြိုးဆဲနိုင်ငံတိုင်းသည် မိမိတို့၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာ ရေး၊ ကျန်းမာရေး၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးနှင့် အလုပ်အကိုင်နေရာ ချထားရေးတို့တွင် ပိုမို၍ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လေ့ရှိကြသည်။ သို့ရာတွင် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ပြုန်းတီးမှုအများဆုံးနှင့် ထိရောက် စွာ မသုံးစွဲနိုင်ဆုံးသော အရင်းအမြစ်သည် လူ့စွမ်းအားအရင်းအမြစ် ပင် ဖြစ်သည်ဟု သုတေသီတို့က ဆိုကြသည်။

ကိုဗစ်-၁၉ တတိယလှိုင်းနှင့် အကြမ်းဖက်အဖျက်လုပ်ရပ်များ

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းသည် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်ရေးတွင် အရေးကြီးဆုံးလုပ်ငန်းဖြစ်သည့်အလျောက်    နိုင်ငံတစ်ဝန်းလုံးတွင် အလေးအနက် ဆောင်ရွက်လျက်ရှိသည်။ ကာကွယ်ဆေးများ အဆက်မပြတ် ရောက်ရှိလာစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိ ပြီး ရောက်ရှိပြီးဖြစ်သည့် ကာကွယ်ဆေးများကို သတ်မှတ်ချက်များ နှင့်အညီ ထိုးနှံပေးရမည်ဖြစ်ကြောင်း၊ ဆေးမထိုးခင်နှင့် ဆေးထိုးပြီး လုပ်ဆောင်ရန် လိုအပ်သည်များ၊   လိုက်နာရန် လိုအပ်သည်များနှင့် ဒုတိယအကြိမ်ထပ်မံထိုးနှံရမည့်ကာလတို့ကို တိကျစွာ သိရှိနိုင်ရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်းလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက      

လူမှုကွန်ရက်မှ အဖျက်အမှောင့် ပြည်သူလူထုကို ခြိမ်းခြောက်နေ

ကူးစက်မှုမြန်ဆန်ပြီး ပြင်းထန်လှသည့် ကိုဗစ်-၁၉ တတိယလှိုင်းမှာ အမြင့်ဆုံးအခြေအနေဆီသို့ ရောက်ရှိခဲ့ပြီးပြီဟု ယုံကြည်ရသည်။ အမြင့်ဆုံးသို့ရောက်ပြီးလျှင် ပြန်လည်ကျဆင်းရတော့မည်။ ကျဆင်း လာနေသည့် လက္ခဏာများကိုလည်း တွေ့မြင်နေရသည်။ သို့သော် ရောဂါကူးစက်မှုကွင်းဆက်ကို ဖြတ်တောက်နိုင်သည့်အခြေအနေကို ဆက်လက်ထိန်းသိမ်းထားနိုင်မှသာ သိသိသာသာ ပြန်လည်ကျဆင်း သွားမည်ဖြစ်ပြီး ကပ်ရောဂါကို ပေါ့ပေါ့ဆဆ လျှော့တွက်မိမည်ဆိုပါက အချိန်မရွေး ပြန်လည်ထိုးတက်သွားနိုင်မည်ဖြစ်သည်ကို သတိချပ် ကြဖို့လိုသည်။

နိုင်ငံရေးအမြတ်မထုတ်သင့်သည့် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ

ကုလသမဂ္ဂလုံခြုံရေးကောင်စီ  အမြဲတမ်းအဖွဲ့ဝင်နိုင်ငံ   တစ်နိုင်ငံ ဖြစ်သည့် ဗြိတိန်နိုင်ငံ၏ ကမကထပြုမှုဖြင့်  မြန်မာနိုင်ငံဆိုင်ရာ အလွတ်သဘောဆွေးနွေးပွဲတစ်ရပ်ကို ပြီးခဲ့သည့် ဇူလိုင် ၂၉ ရက်နေ့ က နယူးယောက်မြို့တွင် ပြုလုပ်ခဲ့သည်။ ၎င်းဆွေးနွေးပွဲ ကျင်းပရ ခြင်းမှာ မြန်မာနိုင်ငံတွင် လတ်တလောရင်ဆိုင်နေရသည့်  စိန်ခေါ်မှု များဖြစ်သည့် မြန်မာနိုင်ငံအတွင်း တရားဥပဒေစိုးမိုးမှုအခြေအနေ၊ မြန်မာ့အရေးနှင့်  ပတ်သက်၍  အာဆီယံ၏  အချက်(၅) ချက်ပါ သဘောတူညီချက်ဆောင်ရွက်နေမှု တိုးတက်မှုအခြေအနေ၊ လူသား ချင်း   စာနာမှုအကူအညီပေးရေးဆိုင်ရာ ကိစ္စများနှင့်   ကိုဗစ်- ၁၉ ကူးစက်ဖြစ်ပွားမှုအခြေအနေတို့နှင့် ပတ်သက်၍ ပြည်တွင်းဒီမိုကရေ

အကြမ်းဖက် အဖျက်လုပ်ရပ်များ ပြည်သူများက ဆန့်ကျင်တိုက်ဖျက်

အရှိန်အဟုန်မြင့်တက်နေသော မျိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးထိန်းချုပ်ရေးသည် ပစ္စုပ္ပန်အချိန်ကာလအတွင်း မြန်မာနိုင်ငံအတွင်း နေထိုင်သူ နိုင်ငံသူ နိုင်ငံသားအားလုံး၏ အဓိက အာရုံစူးစိုက်နေရသော အရေးကိစ္စဖြစ်သည်။ ဆန့်ကျင်ဘက်တွင်မူ အကြမ်းဖက်အဖွဲ့အစည်းများက   လေလှိုင်းမှတစ်ဆင့်   စေခိုင်းမှု များကို ဆင်ခြင်ဉာဏ်ကင်းမဲ့စွာ လိုက်ပါလုပ်ဆောင်နေသူများက မြို့ရွာများအတွင်း၊ ပြည်သူလူထုအတွင်း မတည်မငြိမ်ဖြစ်စေရေး၊ ကြောက်ရွံ့ထိတ်လန့်နေစေရေးတို့ကို အခွင့်အခါ စောင့်ဆိုင်းကာ လစ်လျှင်လစ်သလို ပြုလုပ်နေကြဆဲ။ သို့ရာတွင် မြို့ပြများအတွင်း ပြန်လည်ဝင်ရောက်ခိုအောင်းကာ အကြမ်းဖက်အဖျက်လုပ်ရပ်များ ပြုလုပ်ရန် ပုန်းကွယ်

Subscribe to မြန်မာ့အလင်းအယ်ဒီတာအာဘော်