ပြည်ထောင်စုချစ်ကြည်ရေးသို့
မြန်မာ့အလင်းအယ်ဒီတာအာဘော်
ယနေ့မြန်မာနိုင်ငံ၏ အကြီးမားဆုံးသော နိုင်ငံရေးရည်မှန်းချက် တစ်ခုမှာ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနိုင်ငံအဖြစ် ထူထောင် ရန်ဟူ၍ ဖြစ်၏။
မြန်မာ့အလင်းအယ်ဒီတာအာဘော်
ယနေ့မြန်မာနိုင်ငံ၏ အကြီးမားဆုံးသော နိုင်ငံရေးရည်မှန်းချက် တစ်ခုမှာ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနိုင်ငံအဖြစ် ထူထောင် ရန်ဟူ၍ ဖြစ်၏။
မြန်မာ့အလင်းအယ်ဒီတာအာဘော်
ရပ်ကွက်လမ်းကျဉ်းလေးထဲဝင်လာသည့် ကားတစ်စီး ဟွန်းသံ တတီတီဖြင့် မောင်းဝင်လာသည်။ အရှိန်မလျှော့။ ရပ်ကွက်တွင်းက ကလေးငယ်များ၊ လူသူများ ထိခိုက်မှာကို စိုးရိမ်စိတ် သို့မဟုတ် ထိခိုက်မှု ဖြစ်လျှင် အမှုရင်ဆိုင်ရမည်ကို စိုးရိမ်စိတ်ကြောင့် ဖြစ်နိုင်၏။ သူ့တွင် ယဉ်မောင်းလိုင်စင်တော့ရှိမည်။ သို့သော်လည်း ထိုလိုင်စင်ကို မည်သို့ မည်ပုံရခဲ့သည်ကို မှန်းကြည့်လျှင် သိနိုင်သည်။
လောကဓံနှင့် ကြုံရသောအခါ စိတ်ဓာတ် မတုန်လှုပ်ခြင်း၊ စိုးရိမ် ကြောင့်ကြမှုမရှိခြင်း၊ တပ်မက်မှု မရှိခြင်း၊ ကိလေသာအပြစ်မြူ ကင်းစင်ခြင်း၊ ကြောက်ခြင်းဟူသည့် ဘေးမရှိခြင်းတို့သည် မင်္ဂလာ ရှိ၏ဟု မင်္ဂလာတရား သုံးဆယ့်ရှစ်ပါးတွင် ဆိုသည်။
လောကလူ့ဘုံအနေဖြင့်ဆိုရလျှင် လောကဓံတရားဟူသည် လူတို့ကြုံကြရမြဲဖြစ်၏။ လောက၌ နေထိုင်ကြရာတွင် အောင်မြင် သည့်အခါရှိသလို ရှုံးနိမ့်သည့်အခါလည်း ရှိမည်။ အနိုင်ရသည့်အခါ အောင်မြင်ခြင်းကို ခံစားရာတွင် တည်ငြိမ်ဖို့လိုသလို အရှုံးနှင့် တွေ့ကြုံ ရသည့်အခါ ဣန္ဒြေမပျက် ရင်ဆိုင်နိုင်သည့် သတ္တိလိုသည်ပင်။
မိမိ၏ အသက်ရှင်သန်ရပ်တည်မှုကို ထိပါးခြိမ်းခြောက်လာသော အရေးအရာများနှင့် ကိုယ်တွေ့ကြုံရသည့်အခါ လူတို့ တုန်လှုပ်လေ့ ရှိကြ၊ အထိတ်တလန့် ဖြစ်လေ့ရှိကြသည်မှာ ဓမ္မတာ။ ရင့်ကျက်သူ တို့သည်ကား ထို့ထက်ပိုမိုကာ မိမိတို့၏ဘ၀အမြင်၊ လောကအမြင် များကိုပါ စနစ်တကျ တွေးခေါ်မိကြ၏။ အလေးအနက် စူးစမ်းရှုမြင် ကာ သင်ခန်းစာယူကြ၏။ လောကသစ္စာကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ရှာဖွေကြည့်ကြ၏။
မြန်မာ့အလင်းအယ်ဒီတာအာဘော်
ကုန်လွန်ခဲ့သောနှစ် ၂၀၂၀ - ၂၀၂၁ သည်ကား ကျန်ခဲ့ပြီ။
ကိုဗစ်-၁၉ ကပ်ရောဂါနှင့် တည့်တိုးရင်ဆိုင်ခဲ့ကြရသော တစ်နှစ် ကြာ ခရီးတာသည် ခက်ခဲလှသော နှစ်တစ်နှစ် ဖြစ်ခဲ့သည်။ ကမ္ဘာ ကြီးနှင့်အတူ ကိုဗစ်ရောဂါကို ရင်ဆိုင်ခဲ့ကြရသည်ဟုဆိုနိုင်သော် လည်း၊ ဆင်းရဲချို့တဲ့သောနိုင်ငံ၊ နည်းပညာအတတ်ပညာ အားနည်း သော နိုင်ငံတစ်ခုအနေဖြင့် ဖြတ်သန်းကျော်လွှားရခြင်းဖြစ်သည့် အတွက် ပို၍သတိကြီးကြီးထားခဲ့ရ၊ ပို၍အင်အားစိုက်ထုတ်ခဲ့ရ သည်ကားအမှန်။
မြန်မာ့အလင်းအယ်ဒီတာအာဘော်
ဗိုင်းရပ်စ်ပိုးများ၏ သဘာ၀အရ ၎င်းပိုးတို့သည် သူတို့၏ ရှင်သန်နိုင်မှု စွမ်းအားကို ကိုယ့်ဘာသာကိုယ် မျိုးဗီဇပြောင်းလဲခြင်းဖြင့် မြှင့်တင် လေ့ရှိသည်။ ထိုဗီဇပြောင်းမျိုးကွဲပိုးများကို ကိုဗစ်ရောဂါ ဖြစ်စေသည့် ကိုရိုနာဗိုင်းရပ်စ်ပိုးများတွင် စတင်တွေ့ရှိလာနေရသည်ဟု အင်္ဂလန် နိုင်ငံက ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ကြေညာခဲ့ ပါသည်။
မြန်မာနိုင်ငံသည် ဗြိတိသျှကိုလိုနီလက်အောက်ခံနိုင်ငံ၊ တစ်နည်း ဆိုရသော် တိုင်းတစ်ပါးသားလက်အောက်က ကျွန်နိုင်ငံအဖြစ် ရပ်တည်ခဲ့ရသည်။ မြန်မာဘုရင် သီပေါမင်း ပါတော်မူခဲ့ရသည့် ခရစ်နှစ် ၁၈၈၅ ခုနှစ်မှသည် ၁၉၄၈ ခုနှစ်ကာလသည် သူ့ကျွန်ဘ၀ ဖြစ်ပါသည်။ ဗြိတိသျှကျွန်နိုင်ငံဖြစ်ရသည့်အတွက် နိုင်ငံရေးအရ၊ အုပ်ချုပ်ရေးအရ ဗြိတိသျှတို့၏ တစ်ဖက်သတ် အစီအမံအောက်တွင် မြန်မာပြည်သူတို့ နေခဲ့ကြရသည်။ အုပ်ချုပ်ရေး ယန္တရားတစ်ခုလုံးကို ဗြိတိသျှတို့ကသာ လွှမ်းမိုးထား၏။
မြန်မာနိုင်ငံ လွတ်လပ်ရေးရသည်မှာ ၇၃ နှစ်ရှိပြီ။
ယင်းလွတ်လပ်ရေးသည် မိမိအပါအဝင် ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးတစ်ရပ်လုံး တိုင်းတစ်ပါးသား၏ လက်အောက်တွင် ကျွန်ဖြစ်နေရသည်ကို မခံမရပ်နိုင်ကြသော နိုင်ငံချစ်သူ မြန်မာ ပြည်သူလူထု၏ စွန့်လွှတ်စွန့်စားမှု အမျိုးမျိုးဖြင့် အသက်သွေးချွေး စတေးမှုများစွာကို ရင်းနှီးပေးဆပ်ကြပြီး ရရှိခဲ့သည့် လွတ်လပ်ရေး ဖြစ်သည်။
မုန်တိုင်းများ၊ မြေငလျင်လှုပ်ခတ်မှုများ၊ ရေလွှမ်းမိုးမှုများ၊ မိုးခေါင် ရေရှား ခြောက်သွေ့မှုများ၊ မြေပြိုမှုများအစရှိသည့် သဘာ၀ဘေး အန္တရာယ်များ၏ ခြိမ်းခြောက်မှုသည် ကမ္ဘာသူ ကမ္ဘာသားတို့ကြား ဆွေးနွေးစရာများ၊ စဉ်းစားစရာများ အများအပြားဖြစ်စေခဲ့သည်။ အထူးသဖြင့် လူမှုအဖွဲ့အစည်း၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်သက် သည့် ချဲ့ထွင်မှုနေရာယူမှုများသည် ကမ္ဘာကြီးအပေါ် သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက် ဩဇာလွှမ်းမိုးမှုနှင့် အတိုင်းအဆ ကြီးမားမှုကို နားလည်သဘောပေါက်ကာ သတိပြုမိလာကြသည်။
Copyright © 2026. All rights reserved.
News and Periodical Enterprise