မြန်မာ့အလင်းအယ်ဒီတာအာဘော်

နှစ်သစ် ငြိမ်းချမ်းပါစေသတည်း

 

 

 

နှစ်သစ်ကူးခဲ့ပြီ။ ခရစ်နှစ် ၂၀၂၀ ကို ထားရစ်ခဲ့ကာ ၂၀၂၁ သည် မင်္ဂလာ ရှိစွာ ချင်းနင်းဝင်ရောက်လာပြီ။

လူ့လောက၏သဘာ၀အရ မှောင်မိုက်မှုများ မည်သို့ပင်ရှိသော်လည်း လင်းလက်တောက်ပမှုများလည်း ရှိသည်သာ။ ဝမ်းနည်းစရာတို့ မည်သို့ပင်ရှိသည်ဖြစ်စေ ပျော်ရွှင်စရာတို့လည်း ရှိမည်၊ စိတ်ပျက်စရာတို့ မည်သို့ပင် များပြားနေပါစေ၊ အားတက်စရာတို့ကလည်း ရှိနေမည် ဟူသည့် ကောင်းဆိုးဒွန်တွဲ လောကဖြစ်ပေသည်။

နှစ်ဆန်းချိန် ခေတ်ဆန်းချိန်

မြန်မာ့အလင်းအယ်ဒီတာအာဘော်

 

 

ကိုဗစ်ရောဂါ၏အန္တရာယ်ကို ကမ္ဘာကြီးနှင့်အတူ ခုခံရင်း၊ ကာကွယ် ထိန်းချုပ်ကုသရင်း များစွာသောအချိန်တို့သည် ငြိမ်ဆိတ်ဆုံ့ဆိုင်းစွာ ၂၀၂၀ ပြည့်နှစ်ဟူသည့် နှစ်တစ်နှစ်ပင် ကုန်ဆုံးတော့မည်။ နှစ်တစ်နှစ် ကုန်ဆုံးသည်နှင့်အတူ နှစ်သစ်တစ်နှစ် ဖူးပွင့်လာပြီ။

နှစ်သစ်ဆန်းတော့မည်။

တိုင်းပြည်စီးပွားရေး ဦးမော့လာဖို့

မြန်မာ့အလင်းအယ်ဒီတာအာဘော်

 

 

 

ကိုဗစ်ရောဂါနှင့်အတူ တွဲလျက်လိုက်ပါလာသည့် အကျိုးဆက်များက လက်တွေ့ဘ၀များတွင် မရေမတွက်နိုင်လောက်အောင်ပင် အများအပြား ရှိနေပေသည်။ အဆိုပါ ကမ္ဘာလှည့် ကပ်ရောဂါကြီးသည် နိုင်ငံတကာ ပြည်သူလူထုထံ ကျန်းမာရေးဆိုင်ရာ ဝေဒနာများသာမက စီးပွား ရေးရာ၊ လူမှုရေးရာ အစရှိသည့် အထွေထွေအကျပ်အတည်းများကိုပါ သယ်ဆောင်လာခဲ့သည်။

ကိုဗစ်နှင့်အတူ နှစ်သစ်ကူးကြဖို့

မြန်မာ့အလင်းအယ်ဒီတာအာဘော်

 

 

ခရစ်တော်၏မွေးနေ့ကို အကြောင်းပြု၍ ဆင်နွှဲသည့် ခရစ္စမတ်ပွဲတော်ကို တစ်နိုင်ငံလုံးက အေးချမ်းစွာ ကျော်ဖြတ်ခဲ့ပြီ ဖြစ်ပါသည်။ မကြာမီရောက်လာတော့မည့် နှစ်သစ်ကူးကာလ ကိုလည်း ယခုကဲ့သို့ပင် အေးချမ်းတည်ငြိမ်စွာ ဖြတ်သန်းနိုင်ကြ မည်ဟု မျှော်လင့်ယုံကြည်ပါသည်။ ငြိမ်းချမ်းပျော်ရွှင်ဖွယ် နှစ်သစ် ဖြစ်စေကြောင်းကိုလည်း ဆုတောင်းရပါသည်။

ဓမ္မနှင့် အဓမ္မတို့၏ လွန်ပွဲ

မြန်မာ့အလင်းအယ်ဒီတာအာဘော်

 

 

မကောင်းမှုပြုရမည်ကို ရှက်ခြင်း၊ မကောင်းမှုပြုရမည်ကို ကြောက်ခြင်း ဟူသည် လောကကို စောင့်ရှောက်ခြင်းမည်၏။ ကောင်းမှုပြုခြင်းနှင့် မကောင်းမှုပြုခြင်းဆိုသည်ကို ဓမ္မနှင့် အဓမ္မအနေဖြင့် ခွဲခြားသတ်မှတ် ကြ၏။

နိုင်ငံ့တာဝန် ဝိုင်းဝန်းထမ်းရွက်ကြစို့

 

 

 

လူ့ဘုံလောက၊ လူ့ဘ၀ဟူသည် ဆန့်ကျင်ဘက်များနှင့် ယှဉ်တွဲနေရလေ့ ရှိသည့် လောကဟု ဆိုရပါမည်။ စိတ်ညစ်စရာများ၊ မှောင်မိုက်မှုများ ရှိနေသလို ပျော်ရွှင်စရာများ၊ လင်းလက်တောက်ပမှုများကလည်း ရှိနေ မည်သာ။ လက်တွေ့ဘ၀ လူ့လောကသည် လူ့ဘ၀ ရပ်တည်ရှင်သန်ရေး အတွက် မလွဲမသွေ ရင်ဆိုင်စရာများက ဝန်းရံနေသည်ဖြစ်သော်လည်း လူ၏သဘာ၀အရ လောကတာဝန်များကိုလည်း ကိုယ်တတ်နိုင်သမျှ သို့မဟုတ် ကိုယ်စွမ်းဆောင်နိုင်သရွေ့ ထမ်းပိုးလုပ်ဆောင်ကြရသည်များ ရှိနေမည်ဖြစ်ပါသည်။

ဤမြေပေါ်သို့ ကောင်းချီးမင်္ဂလာရောက်စေသော်

 

 

 

ယနေ့ (ဒီဇင်ဘာလ ၂၅ ရက်နေ့)သည် ခရစ်ယာန်ဘာသာဝင်တို့ အလေးအမြတ်ပြုကာ ပွဲတော်အဖြစ် ကျင်းပသည့် ခရစ္စမတ်နေ့ ဖြစ်၏။ လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင်ကျော်က သည်လိုရက်တွင် တမန်တော်ယေရှုကို မွေးဖွားခဲ့သည်ဟု အမှတ်အသားပြု၍ တမန်တော်၏ မွေးနေ့ကို ခရစ္စမတ်ပွဲတော်အဖြစ် သတ်မှတ်ကာ ပျော်ကြ ရွှင်ကြ ကျင်းပကြသည်။

သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဗဟိုပေါ်လစီ

မြန်မာ့အလင်းအယ်ဒီတာအာဘော်

 

 

 

နှစ်ဆယ်ရာစုအကုန်ကစ၊ နှစ်ဆယ့်တစ်ရာစုအဝင်ကာလတွင် ဆူနာမီ၊ ငလျင်၊ တောမီးကြီးများ၊ နာဂစ်ကဲ့သို့သော မုန်တိုင်းကြီးများ၊ ရေကြီး ရေလျှံမှုများ၊ မိုးခေါင်ရေရှား ခြောက်သယောင်းကန္တာရများက တစ်ခုပြီးတစ်ခု မွှေနှောက်ရိုက်ခတ်သွားသည်မှာ ကမ္ဘာ့နေရာဒေသ အနှံ့အပြားမှာ ဖြစ်ခဲ့လေသည်။

ကိုဗစ်-၁၉ ဗိုင်းရပ်စ်၏ ဗီဇအပြောင်းအလဲ

 

 

နှစ်တစ်နှစ် ကုန်ဆုံးခါနီးခဲ့ပြီ။ ကမ္ဘာသုံး ပြက္ခဒိန်အရ ခရစ်နှစ် ၂၀၂၀ မှသည် ၂၀၂၁ သို့ ကူးပြောင်းရန် အရှိန်ယူနေပါပြီ။ ပုံမှန်အတိုင်း နှစ်သစ်ကူးခဲ့ကြသည့် အစဉ်အလာအရဆိုလျှင် ယခုလိုအချိန်က ပွဲတော်များ၊ မီးရောင်စုံများ၊ အလုပ်များ၊ ကျောင်းများ၏ ပိတ်ရက်ရှည် များဖြင့် စည်ကားသိုက်မြိုက် မြူးထူးနေကြချိန်။

Subscribe to မြန်မာ့အလင်းအယ်ဒီတာအာဘော်