ကြေးမုံ စာတည်းရှုထောင့်

စစ်မှန်သည့်ဒီမိုကရေစီအခြေခံအုတ်မြစ်စိုက်ထူ

မြန်မာနိုင်ငံတွင် သက်ဦးဆံပိုင်ဘုရင်စနစ်၊ နယ်ချဲ့အရင်းရှင်စနစ် ချုပ်ငြိမ်းပြီးနောက် ဒီမိုကရေစနစ်ကို စတင်ဖော်ဆောင်ခဲ့သည်။ လွတ်လပ်ရေးရပြီးနောက် ပထမ အကြိမ်အဖြစ် ပါလီမန်ဒီမိုကရေစီစနစ်ကို ဆယ်နှစ်ကျော် အကောင်အထည်ဖော်ပြီး နောက် တစ်ခန်းရပ်သွားခဲ့သည်။ ၂၀၁၀ ပြည့်နှစ်တွင် ပါတီစုံဒီမိုကရေစီစနစ်ကို ဆယ်နှစ်ကြာ အကောင်အထည်ဖော်ပြီးနောက် တစ်ခန်းရပ်ခဲ့ရပြန်သည်။ ပြည်သူ များ နှစ်သက်ကြသည့် ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်ခဲ့သော်လည်း အခြေခံအုတ်မြစ်ကို ခိုင်မြဲစွာမစိုက်ထူနိုင်သဖြင့် ရပ်ဆိုင်းသွားခဲ့ရခြင်းဖြစ်သည်။

နိုင်ငံ့အကျိုးစီးပွား ပြန်လည်တည့်မတ်ဆောင်ရွက်

ဒီမိုကရေစီနိုင်ငံကို တည်ဆောက်ရာ၌ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင်ကြီးသုံးရပ် အပြန်အလှန်ထိန်းညှိပြီး တည့်မတ်ခိုင်မာအောင် ဆောင်ရွက်ကြ သည်။ နိုင်ငံတည်ဆောက်ရေး၊ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ဥပဒေ ပြုရေးမဏ္ဍိုင်မှ  ပြည်သူ့ကိုယ်စားလှယ်များက လွှတ်တော်အသီးသီးတွင်  ဆွေးနွေး ဆုံးဖြတ်ဆောင်ရွက်ကြသည်။ ထိုသို့ဆွေးနွေးဆုံးဖြတ်ကြရာ၌ လုပ်ငန်းဘတ်ဂျက် များ၊ စီမံကိန်းလုပ်ငန်းများကို အတည်ပြုပေးသည်လည်းရှိသည်။ လျှော့ချသည် လည်းရှိသည်။ အချို့ကိစ္စများတွင်  အများပြည်သူအကျိုးစီးပွားနှင့်    စပ်လျဉ်း၍ ဆိုင်းငံ့ထားသည့်စီမံကိန်းများလည်းရှိသည်။

ဆရာ၊ မိဘ၊ ကျောင်းသား ဟန်ချက်ညီလက်တွဲ

ဆရာဟူသည်မှာ အသိပညာ၊ အတတ်ပညာတစ်ခုခုကို သင်ကြားပြသပေးသူကို ဆရာဟု  ယေဘုယျအားဖြင့်   သတ်မှတ်ကြသည်။  ဆရာဟူသည်မှာ သိမ်မွေ့ နက်နဲပြီး ထူးကဲမွန်မြတ်သော ဂုဏ်ထူးဝိသေသများနှင့်ပြည့်စုံသည့် ပုဂ္ဂိုလ်တို့သာ ဖြစ်၏ မိမိတို့ လူတစ်လုံး သူတစ်လုံးဖြစ်အောင် ဆောင်ကြဉ်းပေးသည့်ပုဂ္ဂိုလ်များ တွင် မြတ်ဆရာတို့သည် မိဘတို့နှင့်ထပ်တူထပ်မျှ တာဝန်ဝတ္တရားကြီးမားပါ၏။

လူသားအရင်းအမြစ်ပေါ်ထွက်ရေး ပညာရည်မြှင့်တင်

ပညာသည် နိုင်ငံဖွံ့ဖြိုးရေးအတွက် အရေးပါသည့်အရင်းအမြစ်ဖြစ်သည်။  ပညာ သည် လူမှုဘဝမြင့်မားတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သည်။ တွေးခေါ် ဆင်ခြင်ဉာဏ်မြင့်မားတိုးတက်အောင် ပညာကိုအခြေခံ၍ စဉ်ဆက်မပြတ်ကြိုးစား အားထုတ်ရသည်။ စဉ်ဆက်မပြတ်သင်ယူနိုင်ရန်အတွက် အခြေခံပညာ၊ အဆင့်မြင့် ပညာတို့ကို တစ်ဆင့်ပြီးတစ်ဆင့် တတ်မြောက်အောင် လေ့လာဆည်းပူးကြရသည်။ နိုင်ငံတိုင်းသည် နိုင်ငံသားတိုင်း ပညာသင်ကြားနိုင်ရေးကို ဦးစားပေးဆောင်ရွက်ကြ သည်။

မိမိတို့အကျိုးစီးပွား၊ နိုင်ငံအကျိုးစီးပွားအလေးထား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၁) တွင် “ဆီဝယ်ယူတင်သွင်းမှုပမာဏအရ ပြည်တွင်းထွက် စားသုံးဆီမပါ အရွယ် ရောက်သူတစ်ဦးအနေဖြင့် တစ်နှစ် ဆီစားသုံးမှုမှာ ၁၀ ပိဿာကျော်ခန့်ရှိသည်ကို တွက်ချက်မှုများအရသိရသဖြင့် တစ်ဦးချင်းဆီစားသုံးမှုကို  လျှော့ချကြရန်လိုပြီး ကျန်းမာရေးနှင့်လျော်ညီသည့် ဆီစားသုံးမှုများ  ရှိရန်လိုကြောင်း၊  ပြည်တွင်း၌ ဆီဖူလုံစွာထုတ်လုပ်နိုင်ပြီး ဆီစားသုံးမှုများကို လျှော့ချနိုင်မည်ဆိုပါက ပြည်ပမှ စားသုံးဆီတင်သွင်းမှုကို လျှော့ချနိုင်ပြီး နိုင်ငံ၏နိုင်ငံခြားငွေသုံးစွဲမှုများကိ

နိုင်ငံအခြေအနေမှန် ထင်ဟပ်ပေါ်လွင်ရေးကြိုးပမ်း

နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးမှုသည် မည်သည့်အခြေအနေရှိသည်ဖြစ်စေ မဆုတ်ယုတ်ဘဲ တည်တံ့နေရန်အရေးကြီးသည်။ တည်ငြိမ်အေးချမ်းမှ ဖွံ့ဖြိုးတိုးတက်သည်ဆိုသော် လည်း  ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ တည်ငြိမ်မှုကို တည်ဆောက်နိုင်သည်။ ဖွံ့ဖြိုးမှု ဆိုသည်မှာ လူမှုဘဝဆုတ်ယုတ်ယိုယွင်းခြင်းမရှိဘဲ အစဉ်ရှင်သန်လည်ပတ်နေခြင်း ဖြစ်သည်။ စစ်အတွင်းကာလပင်ဖြစ်သော်လည်း ကုန်ထုတ်လုပ်ရေး၊ ရောင်းဝယ် ဖောက်ကားရေး၊ တည်ဆောက်ရေးတို့ပြုလုပ်ကြသည်ကို ကမ္ဘာ့သမိုင်းတွင် တွေ့ရ မည်ဖြစ်သည်။ 

အကျိုးမရှိသည့်နိုင်ငံရေးတလွဲကောက်ချက် ပယ်ချ

ဂျီနီဗာမြို့တွင်  ကျင်းပခဲ့သည့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ (၄၈) ကြိမ် မြောက်   ပုံမှန်အစည်းအဝေးကာလအတွင်း    မြန်မာနိုင်ငံအပေါ်  ဆန့်ကျင်သည့် ဆွေးနွေးမှု (၃) ခုကို သက်ဆိုင်သည့် မြန်မာနိုင်ငံမပါဘဲ တင်သွင်းဆွေးနွေးခဲ့သည်ကို တွေ့ရသည်။ ထိုအစည်းအဝေးတွင် မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာ တင်သွင်းသူက စက်တင်ဘာ ၂၂ ရက်တွင် နှုတ်ဖြင့်တင်သွင်းခဲ့ပြီး စက်တင်ဘာ၂၃ ရက်တွင် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးက တင်ပြခဲ့မှုများမှာ တရားနည်းလမ်းမကျသည့် တစ်ဖက်သတ်တလွဲကောက်ချက်စွပ်စွဲမှု များဖြစ်သည်။

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အစွမ်းကုန်ကြိုးပမ်း

နိုင်ငံတော်တွင် ကိုယ်ပိုင်ဘဏ္ဍာငွေ တောင့်တင်းခိုင်မာမှသာ တိုင်းပြည်နှင့်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို  အစဉ်တိုးတက်ဆောင်ရွက်နိုင်မည်ဖြစ်သည်။    တိုင်းပြည် ဘဏ္ဍာငွေ မတောင့်တင်းသဖြင့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ (LDC) ဘဝသို့ ရောက်ခဲ့ သည်။ နိုင်ငံ့ဘဏ္ဍာငွေ  မတောင့်တင်းသဖြင့် ပြည်ပချေးငွေ  ရယူနေရခြင်းသည် ဆင်းရဲတွင်းနက်စေသည်။ နိုင်ငံ့ဘဏ္ဍာငွေ  တောင့်တင်းလာပါက ပြည်ပချေးငွေ ရယူမှုမှာလည်း လျော့နည်းလာပြီး တိုင်းပြည်လည်း စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်သည်။

ဘဝတိုးတက်ရေးမျှော်မှန်းသည့်အတိုင်းကြိုးပမ်း

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုမှာ တတိယလှိုင်းဖြစ်ပွားစ အချိန်အခါ က ဖြစ်ပွားနှုန်း ၄၀ ရာခိုင်နှုန်းခန့်အထိ ဖြစ်ခဲ့သော်လည်း အုပ်ချုပ်ရေးအဖွဲ့အစည်း များ၏ စီမံခန့်ခွဲဆောင်ရွက်မှု၊ ကျန်းမာရေးဝန်ထမ်းများ၏ ကြိုးစားအားထုတ်မှု၊ ပြည်သူတို့၏ ပူးပေါင်းဆောင်ရွက်မှုများကြောင့် ယခုအခါတွင် ဖြစ်ပွားနှုန်း ၁၀ ရာခိုင်နှုန်းအောက်သို့ တဖြည်းဖြည်း ကျဆင်းလာသည်ကို တွေ့ရသည်။ ရောဂါ ကူးစက်ဖြစ်ပွားနှုန်း  မျှော်မှန်းထားသည့်အတိုင်း   အတိုင်းအတာတစ်ခုအထိ လျော့ကျမှသာ ပြည်သူတို့၏လူမှုစီးပွားဘဝ  ပုံမှန်အခြေအနေ  ရောက်ရှိလာ မည်ဖြစ်သည်။

ပြည်ပပို့ကုန်စိုက်ပျိုးထုတ်ကုန် ကြိုးပမ်းထုတ်လုပ်

နိုင်ငံတစ်နိုင်ငံ စားနပ်ရိက္ခာဖွံ့ဖြိုးတိုးတက်ရေးတွင် စိုက်ပျိုးရေးလုပ်ငန်းပြီးလျှင် မွေးမြူရေးလုပ်ငန်းသည် ဒုတိယအရေးအကြီးဆုံးဖြစ်သည်။ နေ့စဉ် ပြည်သူများ အတွက် အသားလိုအပ်ချက်ကို  ဖြည့်ဆည်းပေးနိုင်ရန် မွေးမြူရေးလုပ်ငန်းတွင် တိရစ္ဆာန်အစာများကို ရှာဖွေရင်းနှီးမြှုပ်နှံရသည်။ ယခုအခါ လူမှုစီးပွားရေးဘဝကို ချဲ့ထွင်လာသောကြောင့်   စားကျက်မြေများ  ရှားပါးလာသည်။    တိရစ္ဆာန်များ အတွက်  အစားအစာ အခက်အခဲရှိလာသည်။ ယင်းအချက်ကို ဖြေရှင်းနိုင်ရန်အတွက် မြန်မာနိုင်ငံသာမက အခြားနိုင်ငံများပါ အလေးထားလာရသည်။

Subscribe to ကြေးမုံ စာတည်းရှုထောင့်