ပြည်တွင်း၊ ပြည်ပအဖျက်သမား တွန်းလှန်ဖယ်ရှား
နယ်ချဲ့ဖက်ဆစ်များ၏ ကျူးကျော်စစ်ပွဲများကြောင့် ကမ္ဘာစစ်ကြီးဖြစ်ပွားပြီး နိုင်ငံ များလွတ်လပ်ရေးဆုံးရှုံးရခြင်း၊ ပြည်ပစွက်ဖက်ကျူးကျော်မှုကြောင့် တိုင်းပြည်ပြိုကွဲ ပျက်စီးရခြင်းအကြောင်းရင်းများတွင် နိုင်ငံတစ်နိုင်ငံသည် တိုင်းပြည်အတွင်း စည်းလုံး ညီညွတ်မှုမရှိခြင်းနှင့် အင်အားတောင့်တင်းခိုင်မာသော တပ်မတော်တစ်ရပ်မရှိခြင်း တို့သည် အဓိကအကြောင်းအချက်များဖြစ်သည်။ ထို့ကြောင့် နိုင်ငံတိုင်းနိုင်ငံတိုင်း သည် မိမိနိုင်ငံစည်းလုံးညီညွတ်ပြီး အင်အားတောင့်တင်းခိုင်မာသော ခေတ်မီ တပ်မတော်တစ်ရပ်ဖြစ်ထွန်းရေးကို ကြိုးပမ်းဆောင်ရွက်ကြသည်။