လွတ်လပ်တရားမျှတသည့် ရွေးကောက်ပွဲဖော်ဆောင်
နိုင်ငံတကာနှင့် အွန်လိုင်းမျက်နှာစာများ၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့ တွင် ပြုလုပ်သည့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ လွတ်လပ်သည့်ရွေးကောက်ပွဲ ဖြစ်ကြောင်း ရေးသားဖော်ပြနေသည်ကိုတွေ့ရသည်။ ယနေ့မြန်မာ့နိုင်ငံရေး ပြောင်းလဲမှုဖြစ်စဉ်သည် ရွေးကောက်ပွဲမဲမသမာမှုကို အကြောင်းပြု၍ ဖြစ်ပေါ်လာ သည့်အခြေအနေဖြစ်သည်။ တစ်နိုင်ငံလုံးနှင့်သက်ဆိုင်သည့် အရေးကြီးသည့်ကိစ္စ သည် ခိုင်မာတိကျသည့်အချက်အလက်များဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်ကို သတိ ပြုသင့်ပေသည်။