တူညီသည့်ဆန္ဒကိုအလေးထား နိုင်ငံ့ဂုဏ်သိက္ခာမြှင့်တင်
ဒီမိုကရေစီစံနှုန်းများအရ မည်သည့်အခြေအနေ၊ မည်သည့်အဆင့်အတန်းတွင်မဆို လူအချင်းချင်း၊ အသိုက်အဝန်းအချင်းချင်း နှိမ့်ချဆက်ဆံခြင်းကို ခွင့်ပြုလေ့မရှိပေ။ မတူကွဲပြားသော ကမ္ဘာ့လူသားအချင်းချင်း၊ အသိုက်အဝန်းများအချင်းချင်း လေးစား အသိအမှတ်ပြုခြင်းတို့ကို လူ့အခွင့်အရေး လေးစားတန်ဖိုးထားသောနိုင်ငံများနှင့် လူ့အဖွဲ့အစည်းများက အသိအမှတ်ပြု လက်ခံထားကြသည်။ လူအချင်းချင်း ခွဲခြားဆက်ဆံခြင်း၊ နှိမ့်ချဆက်ဆံခြင်းတို့ကို မည်သူမျှလက်ခံကြမည်မဟုတ်ပေ။