နိုင်ငံနှင့်နိုင်ငံသားများအတွက် ပန်းခင်းစီမံချက်
နိုင်ငံသားတစ်ဦး၏ တရားဝင်ရပ်တည်ပိုင်ဆိုင်နိုင်ခွင့်၊ လုပ်ကိုင်ဆောင်ရွက်နိုင်ခွင့် စသည်တို့အတွက် နိုင်ငံသား စိစစ်ရေးကတ်ပြားသည် အရေးကြီးသည့်အထောက် အထားဖြစ်သည်။ ထို့အပြင် နောင်လာမည့်ရွေးကောက်ပွဲတွင် လွတ်လပ်ပြီး တရား မျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်အားလုံး မဲပေနိုင်ရေးတွင် အရေးပါသည့် အထောက်အထားမှာ နိုင်ငံသားစိစစ်ရေးကတ်ပြားဖြစ်သည်။